အပိုင်း - ၄၄.၁ (Zawgyi + Unicode)

11.7K 1.9K 30
                                    

{Zawgyi}

“ကျောက်စိမ်းပြာပုလဲက နေမကောင်းတာနဲ့ ဒဏ်ရာရတာတွေအတွက် အဓိကကုသပေးတာလေ၊ အရှင်ရှဲ့က တိမ်လွှာပျံဝဲဂိုဏ်းတစ်ခုလုံးကို တိုက်ခိုက်ပြီး ကျောက်စိမ်းပြာပုလဲကို ခိုးယူသွားခဲ့ပေမယ့် ထိခိုက်ထားတာမှမရှိတာ… အရှင်ရှဲ့ ဘယ်သူ့အတွက်ပါလဲ?”

ပိုင်ရန်ထိတ်လန့်သွားတယ်။ လော့ကျန်းဖန်ဒီလိုမေးခွန်းမျိုးမေးလာလိမ့်မယ်လို့ သူမထင်ထားဘူး။

ကျောက်စိမ်းပြာပုလဲကိုခိုးဖို့ကြိုးစားရတဲ့ မရိုးမသားအကြောင်းပြချက်က နတ်ဆိုးဘုရင်ကြီးအတွက်ဖြစ်ပြီး တကယ့်အကြောင်းပြချက်က ဇာတ်လိုက်ကျိုးရင်ကို ကယ်ဖို့ဖြစ်တယ်။ သို့သော်လည်း လော့ကျန်းဖန်ကို အဲ့လိုသွားပြောလို့မဖြစ်ဘူး။

ပိုင်ရန်အချိန်အကြာကြီးထိ ပြန်မဖြေဘဲ နောက်ဆုံးပြန်ပြောလိုက်တယ် “အဲ့တာက ကိုယ်ရေးကိုယ်တာကိစ္စပါ”

အဖြေပြန်ပေးဖို့ကို ပေါ်တင်ပဲငြင်းလိုက်တယ်။

လော့ကျန်းဖန်ပြုံးပြီး “အဲ့လိုဆိုမှတော့ ကျွန်တော်လည်းမမေးတော့ပါဘူး”

ပိုင်ရန်သူ့စိတ်ထဲက ရှောင်လင်းကိုမေးလိုက်တယ် “ဒီထူးဆန်းတဲ့လော့ကျန်းဖန်က ဘာတွေဖြစ်လာမလဲဆိုတာ မှန်အောင်ခန့်မှန်းနိုင်တာလား?”

ရှောင်လင်းက “သေချာပေါက်မလုပ်နိုင်ပါဘူး ဟုတ်တယ်မှတ်လား?”

“ဒီလူက အရမ်းအကင်းပါးတယ်၊ တကယ်လို့ငါသာအချိန်ခဏလေး အာရုံမစိုက်လိုက်တာနဲ့ သူတစ်ခုခုကိုဖမ်းမိသွားလိမ့်မယ်”

“ဟုတ်တယ် အမှန်ပဲ”

လော့ကျန်းဖန်ကသူ့ကိုဆက်ပြီး စစ်မေးနေပေမယ့် ပိုင်ရန်သတိထားနေပြီး ဘာသတင်းတစ်ခုလေးတောင်မှ မပေါက်ကြားအောင်နေတယ်။ နောက်ဆုံးမှာ ဒီစကားစမြည်ပြောတာကနေ ရအောင်ထွက်နိုင်ခဲ့တယ်။ လော့ကျန်းဖန်ကလည်း သူထွက်သွားမှာကို တားလို့မရတာကြောင့် သူလည်းစစ်မေးနေတာကို ရပ်လိုက်တယ်။

လော့ကျန်းဖန်ကို နှုတ်ရေးမှာရော လူတိုင်းထက်သာလွန်တဲ့သူ့ရဲ့အကြံအစည်တွေကိုပါ အနိုင်မယူနိုင်ဘူးလို့ ပိုင်ရန်ခံစားရတယ်။ လော့ကျန်းဖန်တခြားအရာတွေ သိသွားမှာကိုကာကွယ်ဖို့အတွက် လော့ကျန်းဖန်နဲ့အတူရှိချိန်တွေကို လျော့ချဖို့ပိုင်ရန်ကြိုးစားလိုက်တယ်။ နောက်ရက်အနည်းငယ်ထိ နယ်မြေစည်းတွေကိုရှာနေပါတယ်ဆိုတဲ့ ဆင်ခြေဆင်လက်ကိုသုံးပြီး ခြေဦးတည့်ရာလျှောက်သွားနေတယ်။ အမှန်တကယ်တော့ သူလှည့်ပတ်ကြည့်ရှုနေတာဖြစ်ပြီး နေ့ရက်တွေကုန်ဆုံးသွားတာကို ဒီတိုင်းကြည့်နေလိုက်တယ်။ [T/N : ဘာမှမလုပ်ဘဲနေနေတာကို ပြောချင်တာပါ]

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now