အပိုင်း-၁၃ (Zawgyi + Unicode)

15.5K 2.6K 128
                                    


{Zawgyi}

"မင်း..." လော့ကျန်းဖန်းရောက်လာပြီး ပိုင်ရန့်ကို နားမလည်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။

ပိုင်ရန်အူတွေအသည်းတွေ ၀ုန်းဒိုင်းကြဲနေပြီ၊ ဒါပေမယ့် မျက်နှာမှာတော့ အထက်စီးဆန်တဲ့မျက်နှာဖုံးကို မပြောင်းမလဲတပ်ဆင်လျက်ပဲ။ "သူကဘာမှမဖြစ်စလောက်ငါးပေါက်သာသာပဲရှိတယ်၊ ငါသူ့ကိုလက်တစ်ချောင်းတည်းနဲ့တောင် သတ်လို့ရတယ်... အဲ့တာကို မင်းလက်ပါနေစရာ ဘာလိုလို့လဲ?"

လော့ကျန်းဖန်းကပြောတယ် "ငါတို့သူ့ကို တိုက်ရိုက်သတ်လိုက်သင့်တယ်..."

ပိုင်ရန်အတွင်းထဲမှာတော့ စိတ်တွေလှုပ်ရှားနေပြီ။ သူကိုယ်တိုင်ကိုက စိတ်လှုပ်ရှားနေပြီဖြစ်တာကြောင့် ဘာဆက်လုပ်ရမှန်းမသိတော့ဘူး၊ ဒါပေမယ့် ကျေးဇူးတင်စရာကောင်းတာက သူ့မှာအားပေးမယ့်ရှောင်လင်းရှိသေးတယ်။ "သခင်၊ မကြောက်ပါနဲ့.. သခင်နဲ့လော့ကျန်းဖန်းတို့က အတူတူနဲ့အနူနူ​တွေပဲ၊ အဲ့တော့ ပုံမှန်အတိုင်းပဲ သူသံသယ၀င်မှာ မဟုတ်ပါဘူး"

ပိုင်ရန်အသက်ကို ရှုသွင်းရှုထုတ်လုပ်ပြီး သူ့ကိုယ်သူတည်ငြိမ်အောင် လုပ်လိုက်တယ်။ ပြီးနောက် သူ့ရဲ့မောက်မာတဲ့ဟန်ပန်နဲ့ ဆက်ပြောတယ် "ဒီအရှင်ကိုယ်တိုင် သူ့ကိုချောက်ကမ်းပါးကနေ ကန်ချလိုက်တာလေ သူဘယ်လိုလုပ်အသက်ရှင်နိုင်တော့မလဲ? ထပ်ပြောရရင် ဒါကတွင်းနက်ကြီး၊ သူကအခြေခံအဆင့်ပဲရှိသေးတယ်၊ ဘယ်လိုမှအသက်မရှင်နိုင်ဘူး"

လော့ကျန်းဖန်းခဏလောက်တွေးကြည့်ပြီး ခေါင်းငြိမ့်လိုက်တယ် "အရှင်ရှဲ့ပြောတာ အများကြီးအဓိပ္ပါယ်ရှိတယ်..."

လော့ကျန်းဖန်းက ဒီအဖွဲ့ထဲကသေးငယ်တဲ့ငါးပေါက်ကို အာရုံမထားတော့တာကြောင့် ရှဲ့ဇီထျန်းက တစ်ယောက်ယောက်ကို တိတ်တဆိတ်ကာကွယ်ပေး​နေလိမ့်မယ်​လို့ သံသယမဖြစ်တော့ဘူး။ တကယ်လို့ရှဲ့ဇီထျန်းကိုယ်တိုင်သာ အားစိုက်ထုတ်ခဲ့တာဆိုရင် ဒီကလေးဘယ်လိုမှအသက်ရှင်နိုင်မှာ မဟုတ်ဘူး။ အသတ်ခံရတာတောင်​မှကံ​ကောင်းလို့ မသေသေးရင်လည်း ပြုတ်ကျတာကြောင့် ဘယ်လိုမှ အသက်ရှင်မှာ မဟုတ်ဘူး။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now