Demon King Funny Dialogue🤭

11.7K 1.9K 79
                                    

{Zawgyi}

ပိုင်ရန် : အရှင်ပိုကောင်းဖို့အတွက် ကျွန်တော်လူသားနယ်မြေကို သွားလိုက်ပါ့မယ်! (ဒါပေမယ့် တကယ်တော့ ဇာတ်လိုက်ကိုကူညီပြီးတော့ ဒီလိုဟန်ဆောင်နေရတာကြီးကို မြန်မြန်ရပ်လိုက်ချင်နေပြီ)

နတ်ဆိုးအရှင် : ဘာကြောင့်ကိုယ်တော့်ကိုအရမ်းကူညီပေးချင်နေရတာလဲ၊ ကိုယ်တော့်ကို ကြိတ်ကြွေနေတာလား ဘာလား..

ပိုင်ရန် :*ရှက်ချင်ယောင်ဆောင်* အဟားဟား ဟုတ်ပါတယ် (သူ့ကိုကူညီမယ်လို့အကြောင်းပြပြီးတော့ လူသားနယ်မြေကို ခဏခဏသွားရမယ်)

နတ်ဆိုးအရှင် : ကိုယ်တော်က သာမာန်ထက်ထူးခြားတဲ့ ထိတ်တန်းလူတစ်ယောက်ဆိုတာသိသားပဲ၊ အဲ့တာကြောင့် မင်းကကိုယ်တော့်ကို ကြွေမိသွားတာလည်း မထူးဆန်းပါဘူး၊ ဒါပေမယ့်လည်း မင်းကြည့်လေ ကိုယ်တော်က နတ်ဆိုးနယ်မြေက အင်ပါယာအရှင်သခင်၊ ချစ်ရေးချစ်ရာတွေလုပ်နေဖို့ ကိုယ်တော့်မှာအချိန်မရှိဘူး…

ပိုင်ရန် : အိုး ရပါတယ်၊ ကျွန်တော် ကိုယ့်ခံစားချက်ကိုယ် ထိန်းနိုင်အောင် ကြိုးစားပါ့မယ် (ဟန်ဆောင်ကြေကွဲနေ)

နတ်ဆိုးအရှင်၊ များမကြာမီ ပိုင်ရန့်အပေါ်ခံစားချက်တွေစတင်လာ : ဟေး၊ အဲ့တော့ မင်းကကိုယ်တော့်ကို သဘောကျတယ် ပြီးတော့မင်းကချစ်ဖို့လည်း ကောင်းတယ်ဆိုတော့ ကိုယ်တော်တို့ လက်ထပ်လိုက်တာဖြစ်ဖြစ် ဘာဖြစ်ဖြစ်လုပ်ကြမလား… ဘာလို့ဆို ကိုယ်တော်က ကိုယ်ကျင့်တရားကောင်းတဲ့ဧကရာဇ်တစ်ယောက်လည်း ဖြစ်တယ်၊ ကိုယ်တော့်ရဲ့လက်အောက်ခံလေးက အသည်းကွဲနေတာကို စာနာသနားမိလို့… လက်အောက်ခံလေးကို ကူညီလိုက်ရုံသက်သက်ပဲ၊ အတူတူချင်းကို ကြိုက်တာကြောင့်မဟုတ်ဘူး(no homo)

ပိုင်ရန်၊ နတ်ဆိုးကြီးရဲ့အသားယူတာတွေကို ဆက်သည်းမခံနိုင်တော့ : ဟာသပဲ ကျွန်တော်လိမ်လိုက်တာဗျ၊ ကျွန်တော်က ပစ္စည်းဥစ္စာကိုမက်တဲ့သူဗျ၊ အရှင့်အစွမ်းတွေကိုပဲ သဘောကျတာ LOL…

နတ်ဆိုးအရှင်၊ ဝုန်းဒိုင်းကြဲသောင်းကျန်း : WTF မင်းကဘာကြောင့် ကိုယ်တော့်လိုလူကိုများ မကြိုက်နိုင်ရတာလဲ? ဒါကို လက်မခံနိုင်ဘူး??? ကိုယ်တော်က အရမ်းထူးခြားနေလို့လား?? ကိုယ်တော့်လိုလူကို မကြိုက်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ???

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now