အပိုင်း-၁၉ (Zawgyi + Unicode)

14.1K 2.4K 125
                                    


{Zawgyi}

သူမရဲ့ဒဏ်ရာတွေကို စစ်ပေးနေရင်း ဇာတ်လိုက်နဲ့လူစွမ်းကောင်းမလေးတို့နှစ်ယောက်သား စကားပြောနေကြတယ်။

ပိုင်ရန်ဝင်လာတာတွေ့တော့ နှစ်ယောက်သား အမြန်လူခွဲလိုက်တယ်။ ဇာတ်လိုက်က ဘာမှမတွေးတော့ဘဲ ကျောင်ချင်းအာကိုကာပေးထားတယ်။

"မင်းကဘာတွေကြောက်နေရတာလဲ? ငါကမင်းကိုလည်း ကိုက်မစားပါဘူး" ပိုင်ရန် ထာဝရအမှောင်ထုနန်းတော်ရဲ့အရှင်နတ်ဆိုးဘုရင်ကြီးရဲ့အပြုံးကို တုပပြီးကြိုးစားပြုံးလိုက်တယ်။

နှစ်ယောက်သား သူ့အပြုံးကို ကြောင်ငေးပြီးကြည့်နေကြတယ်။

ပိုင်ရန်သူတို့ဆီလျှောက်လာတော့ ဇာတ်လိုက်တောင့်တင်းသွားတယ်။ "ခဗျား ဘာလိုချင်လို့လဲ?"

ပိုင်ရန် ရမ္မက်ကြွနေတဲ့အပြုံးကြီးပြုံးလိုက်တယ် "ငါဘာလိုချင်လဲ? ဒီလိုအလှလေးရှိနေတာကို ဘယ်သူကတောင့်ခံနိုင်မှာလဲ?"

သူတို့တွေ ထိတ်လန့်သွားတယ်။ ကျောင်ချင်းအာလည်း ကြောက်လန့တကြားနောက်ဆုတ်သွားတယ် "ရှင်ဘာတွေလုပ်နေတာလဲ.. ဝေးဝေးမှာနေ!"

ဇာတ်လိုက်က ပိုင်ရန်ကို လမ်းပိတ်လိုက်တယ် "ခဗျားအဲ့လိုလုပ်လို့မရဘူး"

"ဘေးဖယ်!" ပိုင်ရန် အေးစက်မောက်မာစွာ ဇာတ်လိုက်ကို အဝေးတွန်းထုတ်လိုက်တယ်။

အင်းပါ.. ငါအဲ့လိုလုပ်လို့မရတာသိပါတယ်၊ အဲ့တာ မင်းရဲ့မယားပါကွာ... တကယ်လို့ငါသာ လက်လွန်သွားရင် မင်းငါ့ကိုသေတဲ့ထိလိုက်သတ်တော့မယ်လေ...။ ဒါပေမယ့်လည်း ငါ့မှာတခြားရွေးချယ်စရာမှမရှိတာ အစ်ကိုကြီးရာ၊ ငါ့မှာက Dailyt Task နဲ့ မင်းကိုကောင်မလေးကြွေဆင်းလာအောင် ကူညီပေးရမယ့်ကိစ္စက ရှိသေးတယ်လေ။

ပိုင်ရန် ကျောင်ချင်းအာဆီကို ကျိတ်ငိုနေရင်းလှမ်းလျှောက်သွားတယ်။ တကယ့်အပြင်မှာတော့ နှာဘူးအပြုံးကြီးကို ဖော်ပြနေရင်း သူမနားရောက်သွားတော့ထိုင်ချကာ သူမမျက်နှာလေးကို မယူလိုက်တယ်... "မင်းမျက်နှာလေးက သိပ်ကိုနူးညံ့နေတာပဲ"

ကျောင်ချင်းအာက သူမကိုပိုင်ရန်အခွင့်အရေးယူတော့မယ်လို့ ယုံကြည်သွားတာကြောင့် ကြောက်လန့်တကြားငိုကြွေးတော့တယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now