အပိုင်း - ၅၀

14.4K 2.2K 248
                                    

{Zawgyi}

ဟမ်? သူတကယ်ကြီးစိတ်မဆိုးတာလား?

“မင်းဘာမှလုပ်မနေဘူးဆိုတော့လည်း ကိုယ်တော့်ကို ရေနွေးငှဲ့ပေးပြီး မှင်လာသွေးပေး”

ဘာပြောလိုက်တယ်?

ပိုင်ရန်ပြောစရာစကားတောင် မရှိတော့ဘူး။ ရေနွေးငှဲ့ပြီး မှင်သွေးပေးရမယ်?

နတ်ဆိုးဘုရင်ကြီး မျက်လုံးလှန်ကြည့်ပြီး ခပ်ဖျော့ဖျော့အကြည့်လေးတစ်ချက်ပေးလိုက်တယ်။ “လီယုကမရှိတော့ဘူးလေပြီးတော့ ကိုယ်တော့်နားမှာ ဘယ်အစေခံမှရှိမနေဘူး၊ မင်းကသူ့နေရာမှာ အစားထိုးပြီး ခစားပေးပေါ့”

‘ဘယ်လိုတောင် လာနောက်နေတာလား? သူကငါ့ကို နေ့တိုင်းအဲ့မှာရပ်နေပြီး ဒီလိုမကောင်းဆိုးဝါးမျက်နှာကြီးကို ကြည့်စေချင်နေတာလား? တစ်နေ့လုံး ငါလေးကြောက်လွန်းလို့တုန်နေရမှာမှတ်လား? စိတ်ဖိစီးလွန်းလို့ ဆံပင်မွှေးတွေပါ ပြောင်ကုန်လိမ့်မယ်!’

“အရှင် ဒီအစေခံက တုံးအလွန်းလို့ အဲ့တာကို ကောင်းကောင်းမလုပ်နိုင်ပါဘူး”

“မင်းကောင်းကောင်းမလုပ်နိုင်ဘူးဆိုရင် သင်ယူလို့ရတာပဲကို… မဟုတ်မှ မင်းကိုယ်တော့်ကို မခစားချင်နေတာများလား?” နတ်ဆိုးဘုရင်ကြီး မျက်ခုံးပင့်လိုက်တယ်။

သူမလုပ်ချင်ဘူးလို့ ပိုင်ရန်ပြောရဲမယ်ထင်လား?

ဒါပေါ့ ဘယ်ပြောရဲပါ့မလဲ! သူလုပ်နိုင်တာဆိုလို့ သူ့ရဲ့သောကတွေကို ထိန်းချုပ်ပြီး လက်ခံလိုက်ဖို့ပဲရှိတယ်။ အဲ့လိုနဲ့ သူ့ရဲ့ဇိမ်ကျလှတဲ့ဘ၀လေးကနေ နန်းတော်ပင်မဆောင်မှာ နတ်ဆိုးဘုရင်ကြီးရဲ့လက်ထောက်အဖြစ်နေဖို့ အတင်းအကျပ်ဖိအားပေးခံလိုက်ရတော့တယ်။

သူသာအဲ့လိုဖြစ်လာမယ်ဆိုတာ သိခဲ့ရင် အစကတည်းက ဝီရိယရှိရှိကြိုးစားခဲ့ပါတယ်။ နေ့တိုင်းဆိုသလို အမှောင်ထုနတ်ဆိုးဘုရင်ကြီးနဲ့ မျက်နှာချင်းဆိုင်နေရမှာထက်စာရင် ကိုယ်ရံတော်ခေါင်းဆောင်ရာထူးကမှ မဆိုးလှဘူး။

သူမလုပ်ချင်ဖြစ်နေပေမယ့် ပိုင်ရန့်ခမျာ ဆင်ခြေဆင်လက်ကလည်း မတွေးနိုင်တာကြောင့် အဲ့ကိုပဲကြောက်ကြောက်လန့်လန့်သွားနေရတယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Där berättelser lever. Upptäck nu