အပိုင်း - ၃၄ (Zawgyi + Unicode)

12.2K 2.2K 67
                                    

{Zawgyi}

နှစ်ယောက်သား တဖြည်းဖြည်းနီးကပ်လာတယ်။ နတ်ဆိုးဘုရင်ကြီးရဲ့ရင်ဘတ်ကလည်း ကျောက်ဆောင်ကြီးအလား... သူ့လက်တွေကလည်း ပိုင်ရန်ရဲ့ခါးမှာသတိလက်လွတ်ရစ်နွယ်ထားတယ်။

"အရှင်!" ပိုင်ရန်နောက်တစ်ကြိမ်ထပ်ခေါ်လိုက်တော့ နတ်ဆိုးဘုရင်ကြီးရဲ့လက်တွေက ပိုလို့တောင်တင်းကြပ်သွားသေးတယ်။ သူလုံးဝကိုစိတ်လွတ်နေပြီဖြစ်တယ်။

ပိုင်ရန် သူမြင်ခဲ့ဖူးတဲ့မြင်ကွင်းကို နောက်ကြိမ်ပြန်မြင်ယောင်လာတယ်။ ထာဝရအမှောင်ထုနန်းတော်မှာ နတ်ဆိုးဘုရင်ကြီး ချီကမောက်ကမဖြစ်တုန်းက အမျိုးသမီးတစ်ယောက်ကို မြိုခဲ့ဖူးတယ်။

အဲ့တုန်းကလိုမျိုးသာဖြစ်မယ်ဆိုရင်... ငါလည်းအဲ့လိုအစားခံရတော့မှာပေါ့?

သူဒီနေရာမှာ မသေချင်ဘူး!!

ပိုင်ရန် လွတ်မြောက်နိုင်ဖို့အကြိတ်အနယ် ရုန်းကန်ပေမယ့် ရွံ့နွံထဲမှာရုန်းကန်နေရသလိုပဲ ပိုပိုပြီးနစ်လာတယ်။

နတ်ဆိုးဘုရင်ကြီးက လုံးဝအသိစိတ်ပျောက်နေပြီဆိုတာ သူသိတယ်။ နတ်ဆိုးဘုရင်ကြီးရဲ့မှော်စွမ်းအင်ရပ်ဝန်းကနေ ပိုင်ရန်လွတ်ဖို့အတွက် အားကုန်အော်ဟစ်ကာ သူ့ကိုသေချာပေါက်နှိုးရမှရမယ်။

အဲ့လိုပဲ ပြီးခဲ့တဲ့တစ်ခေါက်က အလုပ်ဖြစ်ခဲ့သေးတယ်မှတ်လား?

ပိုင်ရန် ရုန်းမနေတော့ဘဲ သူ့စွမ်းအင်တွေကိုလည်း ပြန်ရုတ်လိုက်တယ်။ သူ့မှာတွယ်ကပ်နေတဲ့ မှော်နွယ်တွေကလည်း အားပျော့သွားတယ်။ ပိုင်ရန်သူ့အစွမ်းကိုစုစည်းပြီး ပေါက်ကွဲထွက်စေတယ်။

နတ်ဆိုးဘုရင်ကြီးရဲ့ အားကောင်းတဲ့မှော်အစွမ်းကတောင် လွင့်ပျယ်သွားတယ်။

အဲ့တာကိုအခွင့်ကောင်းယူပြီး ပိုင်ရန်သူ့ကိုတွန်းထုတ်ကာ နတ်ဆိုးဘုရင်ကြီး လက်လှမ်းမမှီလောက်တဲ့ နေရာကိုရွေ့လိုက်တယ်။ သို့သော်လည်း သူ့စိတ်ကူးယဉ်တာ များသွားခဲ့တာ။ သူအိပ်ယာပေါ်က ထရုံပဲရှိသေးတယ်... သူ့ရဲ့ခြေကျင်းဝတ်ကို နတ်ဆိုးဘုရင်ကြီးဖမ်းမိသွားပြီး ပိုင်ရန်တစ်ကိုယ်လုံး အိပ်ယာပေါ်ကိုပြန်ရောက်သွားရတယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now