အပိုင်း-၁ (Zawgyi + Unicode)

63.1K 4.2K 64
                                    

{Zawgyi}

ပိုင်​ရန်​မျက်​လုံးကို ​ဖြေးညှင်းစွာဖွင့်​လို​က်​တယ်​။ သူ့​ခေါင်းချာချာလည်​​နေပြီး အပြင်​ကအသံ​တွေကလည်း ​ရေ​အောက်​ကို​ရောက်​​နေသလို​တွေဖြစ်​​နေတယ်​။ ပြတ်​ပြတ်​သားသားကြားဖို့ကို ​တော်​​တော်​​လေးအချိန်​ယူလိုက်​ရတယ်​။ တစ်​စုံတစ်​​ယောက်​ကသူ့နားနားမှာ လာ​ပြော​နေသလိုလို: "သခင်​၊ သခင်​၊ ထပါ​တော့! တစ်​ခုခုဖြစ်​​နေပြီ!"

ပိုင်​ရန်​​ခေါင်းခါလိုက်​ပြီး​နောက်​ ​ခေါင်းကိုလက်​နဲ့ဖိပြီး​ဖြည်းဖြည်းချင်း ထထိုင်​လိုက်​တယ်​။ "ငါ့ကို ဘယ်​သူစကား​ပြော​နေတာလဲ?"

"System ​ရှောင်​လင်း တာဝန်​ထမ်း​ဆောင်​လျက်​ပါ၊ ကျွန်​မက သခင်​ဒီကိုကူး​ပြောင်းလာတဲ့အ​တောအတွင်းမှာ Main Systemက​ပေးတဲ့ တာဝန်​​တွေကိုတဆင့်​ပြန်​​ပေးမှာပါ"

ကူး​ပြောင်းတယ်​?

System?

ပိုင်​ရန်​​ခေါင်းရမ်းပြီး​နောက်​ သူ့မှတ်​ဥာဏ်​​တွေပြန်​ဝင်​လာတယ်​...

လွန်​ခဲ့တဲ့တစ်​လ​လောက်​က သူ့ဖခင်​ကဘယ်ကမှန်းမသိတဲ့ဆီက​နေ တစ်​စုံတစ်​ခုကိုရှာ​ဖွေ​တွေ့ရှိခဲ့တယ်​။ အဲ့တာက လူတစ်​​ယောက်​ရဲ့အကျင့်​စရိုက်​​တွေကို ​ပြောင်းလဲနိုင်​တယ်​ဆိုတာကိုသိရှိပြီး ပိုင်​ရန်​ကိုစမ်းသပ်​ကြည့်​ဖို့ ဆုံးဖြတ်​ခဲ့တယ်​။

ပိုင်​ရန်​၊ ​ယောကျာ်း​လေး၊ ၂၅နှစ်​၊ အသားအ​ရေသင့်​၊ သပ်​ရပ်​ကြည့်​​ကောင်း၊ အရပ်​ရှည်​ပြီး ​ယောကျာ်းပီသတယ်​။ သူက​​မွေးကတည်းက ​ရွှေဇွန်း​လေးကိုက်​ကာ​မွေးဖွားလာပြီး ဘဝတစ်​​လျှောက်​အထွတ်​အထိပ်​မှာပဲ​နေခဲ့ရတယ်​။ သူ့မှာအစ်​ကိုတစ်​​ယောက်​ရှိတဲ့အပြင်​ ညီငယ်​ဖြစ်​တာ​ကြောင့်​သူ့မှာရည်​မှန်းချက်​လည်းမရှိဘူး၊ မိသားစုကလည်း သူ့ကိုအရမ်းမ​မျှော်​လင့်​ထားဘူး။

အဲ့လိုနဲ့ ပိုင်​ရန်​ဟာ​ပျော်​​ပျော်​ကြီး ကြီးပြင်းလာခဲ့တယ်​။ သူ့ရဲ့ထင်​မြင်​ယူဆချက်​​တွေက အရမ်းကြီးကျွမ်းကျင်​မှုမရှိ​ပေမယ့်​လည်း အရာအားလုံးကအဆင်​​ပြေ​နေခဲ့တယ်​။ အစမှာအားလုံ​ချော​မွေ့​နေ​ပေမယ့်​ သူတဖြည်းဖြည်းအရွယ်​​ရောက်​လာတဲ့အချိန်​မှာ ပိုင်​ရန်​ရဲ့အကျင့်​စရိုက်​အမှန်​က ထွက်​​ပေါ်လာပြီး ပြဿနာကြီးတစ်​ရပ်​ဖြစ်​လာတယ်​။ သူ့ရဲ့မဝံ့မရဲပုံစံ​တွေ၊ အလွန်​အကျွံသတိထားတတ်​တာ​တွေနဲ့ တခုခုကိုကိုင်​တွယ်​ရမယ်​ဆိုရင်​ အရမ်း​​ပျော့ညံ့လွန်းတာ​တွေပဲ။ ​နောက်​တစ်​မျိုး​ပြောရရင်​ လူတိုင်းအမြင်​မှာ သူကအားနည်းပြီး အရည်​အချင်းမရှိတဲ့လူဖျင်း​လေးတစ်​​ယောက်​ဖြစ်​​နေတယ်​။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now