အပိုင်း - ၅၅

10.5K 2K 50
                                    

{Zawgyi}


“ကျောက်စိမ်းပြာပုလဲ?” ကျိုးရင်အံ့အားတကြီးအော်လိုက်မိတယ်။ သူ့မျက်လုံးတွေလည်း ပြူးကျယ်နေပြီ။ “အဲ့လိုဟာမျိုးကို ကျွန်တော်ဘယ်လိုလုပ်ယူနိုင်မှာလဲ? အဲ့တာက ကျွန်တော်တို့တိမ်လွှာပျံဝဲဂိုဏ်းရဲ့ အဖိုးတန်ရတနာလေ! ကျွန်တော်တို့ဂိုဏ်းခေါင်းဆောင်တွေ ကိုယ်တိုင်ကိုယ်ကျ အဲ့တာကိုစောင့်ရှောက်ကြတာ… ဒီတစ်လောကလုံးမှာ တစ်ခုတည်းရှိတယ် အဲ့တော့ ကျွန်တော်ယူနိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး”

‘ဒါပေါ့ မင်းမယူနိုင်တာ ငါသိသားပဲ’ ပိုင်ရန်စိတ်ထဲမှာ လှောင်ရယ်နေတယ်။ သို့သော်လည်း သူ့မျက်နှာကတော့ အရိပ်အခြေမဖတ်နိုင်လောက်အောင် နက်နဲလို့နေတယ်။ သူပြုံးရုံသာပြုံးပြီး ဘာတစ်ခွန်းမှမပြောဘူး။

“ခင်ဗျား ကျောက်စိမ်းပြာပုလဲကို လိုချင်တယ်ဆိုရင်တော့ လူမှားပြီး ပြန်ပေးဆွဲလာမိပြီနော်” ကျိုးရင်ဆက်ပြောတယ် “ကျွန်တော်က တိမ်လွှာပျံဝဲဂိုဏ်းက သာမန်တပည့်လေးတစ်ယောက်ပါ.. ဂိုဏ်းခေါင်းဆောင်တွေကိုတောင် အကြိမ်နည်းနည်းလေးပဲတွေ့ဖူးသေးတယ်၊ ကျောက်စိမ်းပြာပုလဲကို ယူနိုင်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

ပိုင်ရန် ပြုံးလိုက်တယ် “မင်းမယူနိုင်ဘူးဆိုတာ တခြားသူတွေမယူနိုင်ဘူးလို့ မဆိုလိုဘူးလေ”

“ကျောက်စိမ်းပြာပုလဲက တကယ်ပဲ ဂိုဏ်းနောက်ကွယ်မှာရှိနေတာပါ” ကျိုးရင်အမြန်ရှင်းပြလိုက်တယ်။ သူက ပိုင်ရန်က သူ့ဆီမှာ ပုလဲရှိတာကြောင့် သူ့ကိုပြန်ပေးဆွဲပြီး ယူချင်တာလို့ထင်သွားတာကြောင့် ရှင်းလင်းသွားအောင် ကြောက်လန့်တကြားရှင်းပြနေတယ်။

“ငါသိတယ်” ပိုင်ရန်ပြောလိုက်တယ်။

ကျိုးရင်လည်း အံ့သြသွားရတယ်။ “ကျောက်စိမ်းပြာပုလဲက ဂိုဏ်းခေါင်းဆောင်နဲ့အတူရှိနေတာမှန်းသိရင် ကျွန်တော့်ကိုဘာလို့ ပြန်ပေးဆွဲရတာလဲ?”

“အခုချိန်မှာ မင်းကအရမ်းတန်ဖိုးရှိနေတယ်ဆိုတာကို မသိဘူးလား?” ပိုင်ရန်ပြောရင်း ကျိုးရင်ရဲ့ပါးကို ပွတ်သပ်လိုက်တယ် “မင်းနဲ့ ပုလဲကိုလဲပေးမယ့်သူရှိမယ်လို့ ငါသိနေတယ်”

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now