အပိုင်း - ၉၅

6.9K 1.6K 104
                                    


{Zawgyi}

တစ်ဒင်္ဂအတွင်း ပိုင်ရန် ကြောက်စိတ်သာဖြစ်ပေါ်နေခဲ့တယ်။ သူ့စိတ်ထဲမှာလည်း တဝီဝီမြည်သံတွေ စတင်ထွက်ပေါ်လာတယ်။

'ကြေးမုံက အလိမ်အညာကို ဖော်တာလို့ ပြောတယ်နော်? ခင်ဗျားကို မယုံဘူး'

နတ်ဆိုးဘုရင်ကြီးက ဟန်ဆောင်လိမ်ညာဖို့ ကြိုးစားနေတယ်လို့သာ ပိုင်ရန် တွေးလိုက်တယ်။

သူ့စိတ်သူငြိမ်အောင် ထိန်းရင်း တမင်သက်သက် ရယ်မောကာ ပြောလိုက်တယ် "အရှင်ကြီး ဒီကြေးမုံကို ဘယ်ကရလာတာပါလဲ? ဒါက တကယ်ပဲ အလိမ်အညာတွေကို ဖော်နိုင်တာလား?"

သူ လက်ကိုဆန့်ထုတ်ပြီး ကြေးမုံရှေ့မှာ ယမ်းကြည့်လိုက်တယ်။ သူလည်း ထိုအရာကိုကြည့်ပြီး ရယ်စရာကောင်းတဲ့ရုပ်တွေ လုပ်ခဲ့ပေမယ့် မျက်နှာပြင်ပေါ်မှာ ဘာမှပေါ်မလာဘူး။

"အရှင်ကြီး ဒါက တကယ်ကြေးမုံရော ဟုတ်လို့လား? ဘယ်လိုဖြစ်ပြီး ဘာမှမပေါ်ရတာလဲ?"

နတ်ဆိုးဘုရင်ကြီး ဘာမှမတုံ့ပြန်ခဲ့ဘူး။ သူသာ ကြေးမုံရှေ့မှာ ဖြေပေးလိုက်မယ်ဆိုရင် ဒါကို မေးခွန်းတစ်ခုအနေနဲ့ သတ်မှတ်သွားမှာဖြစ်တယ်၊ နောက်ပြီး သူ့မှာ ပိုင်ရန့်ကိုမေးချင်တဲ့ တခြားကိစ္စတွေလည်း ရှိနေတယ်။

သူက အလိုက်သင့်လေးပါမလာတော့ ပိုင်ရန် အနည်းငယ်နေရခက်လာတယ်။ သူ နတ်ဆိုးဘုရင်ကြီးရဲ့ ခံစားချက်မရှိသလိုမျက်နှာကိုကြည့်ပြီး အားတင်းကာ ရယ်လိုက်တယ်။ သူ လေသံတိုးတိုးနဲ့ "ရုတ်တရက်ကြီး ဘာလို့ဒီလောက်တောင် အလေးအနက်ဖြစ်သွားရတာလဲ?"

နတ်ဆိုးဘုရင်ကြီးရဲ့အမူအယာကတော့ အေးအေးလူလူပင်။ "ကိုယ်တော့်မှာ မင်းကို မေးချင်နေတာရှိတယ်၊ ကိုယ်တော် မေးတာကို မင်း ဖြေပေး၊ ပေါက်ကရတွေ မပြောနဲ့ နားလည်လား?"

ပိုင်ရန့်ရဲ့ခရေပန်း တင်းကျပ်သွားတယ်။ သူလည်း စိတ်တွေလေးလာတယ်။ သူ နောက်တစ်ခေါက် ဖျစ်ညှစ်ရယ်မောကာ ပြောလိုက်တယ် "အရှင်ကြီး ဘာလုပ်နေတာလဲ? အရှင်က အပြစ်သားတစ်ယောက်ကို စစ်မေးနေတဲ့အတိုင်းပဲ ဟား ဟား ဟား..."

သူရယ်နေတာကို နတ်ဆိုးဘုရင်ကြီး အာရုံထားမနေဘဲ တိုက်ရိုက်မေးပြန်တယ် "ကျိုးရင်က မင်းရဲ့သားလား?"

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now