အပိုင်း-၃.၂ (Zawgyi + Unicode)

20.3K 3.4K 170
                                    


{Zawgyi}

"ကိုယ်​​​တော့်​ကိုအခုကိုင်​လိုက်​တာ ဘယ်​လက်​​လေးလဲ?"

တခြား​ရွေးချယ်​စရာမရှိဘူး.. အသနားခံဖို့ပဲကျန်​​တော့တယ်​။ ပိုင်​ရန်​လက်​ကိုဆန့်​ထုတ်​ကာ နတ်​ဆိုးဘုရင်​ကြီးရဲ့ဝတ်​ရုံလက်​စကိုဆွဲပြီး အသနားခံ​တော့တယ်​။ "​ကျေးဇူးပြုပြီး ခွင့်​လွှတ်​​ပေးပါ၊ ခွင့်​လွှတ်​​ပေးပါ​!"

တစ်​ချိန်​တည်းမှာပဲ သူ့စိတ်​ထဲက​နေ ​ရှောင်​လင်းကို​မေး​နေတယ်​ "ငါဘာလုပ်​ရမလဲ? သူငါ့ကိုသတ်​လိုက်​ရင်​ဘယ်​လို​လုပ်​မလဲ?"

ရှောင်​လင်းကလည်း အား​ပေးရှာပါတယ်​ "သခင်​ စိတ်​​အေး​အေးထားပါ၊ သခင်​က နတ်​ဆိုးဘုရင်​ရဲ့ညာလက်​ရုံး​လေ.. ဒီလိုအ​သေးအဖွဲ့​လေး​ကြောင့်​​တော့ သခင့်​ရဲ့အသက်​ကို မနှုတ်​​လောက်​ပါဘူး"

"ငါနားလည်​ပါတယ်​ ဒါ​ပေမယ့်​ငါ့ကိုအခု ဘယ်​လက်​လဲဆိုတာ​မေး​နေပြီ​လေ... ငါ့လက်​ကိုဖြတ်​ချင်​​နေတာများလား?"

ရှောင်​လင်းခဏ​လောက်​ တိတ်​ဆိတ်​သွားပြီး "သခင့်​လက်​အဖြတ်​ခံရရင်​လည်း မ​သေနိုင်​​သေးပါဘူး၊ သခင်​မ​သေသ​ရွေ့ကိစ္စမရှိဘူး"

ပိုင်​ရန်​​အော်​​တော့တယ်​ "ငါလက်​တစ်​ဖတ်​ပြတ်​လူသားကြီး မဖြစ်​ချင်​ဘူး"

ရှောင်​လင်းက သူစိတ်​သက်​သာရာရ​အောင်​ "သခင်​၊ ယန်းဂိုဆိုရင်​ လက်​တစ်​ဖက်​ဆုံးရှုံးပြီးတာ​တောင်​မှ ဓားကိုင်​နိုင်​ပြီး အ​ကောင်းဆုံးဓားသမားတစ်​​ယောက်​ဖြစ်​လာတာပဲ​လေ..."

"ငါ ယန်းဂိုမဖြစ်​ချင်​ဘူး!" ပိုင်​ရန်​အသည်း​တွေ ကွဲ​ကြေ​နေပြီဖြစ်​တယ်​။

[T/N: ယန်းဂိုဆိုတာ ​happy endingနဲ့အဆုံးသတ်​တဲ့ ကျင့်​စဉ်​​လောကဝတ္ထုအနည်းငယ်​ထဲကမှ "the return of the condor heroes"ဆိုတဲ့ ကျင့်​စဉ်​​လောကဝတ္ထုရဲ့ဇာတ်​လိုက်​ပါ ]

ပိုင်​ရန်​က သူ့စိတ်​ထဲက​ရှောင်​လင်းဆီမှာငို​နေ​ပေမယ့်​ နတ်​ဆိုးဘုရင်​အမြင်​မှာ သူ့​မေးခွန်းကိုမ​ဖြေသလိုဖြစ်​​နေတယ်​။ သူ့မျက်​နှာ​ပေါ်ကအပြုံး​ပျောက်​ကွယ်​သွားပြီး "ကိုယ်​​တော်​ မင်းကို​နောက်​တစ်​ခါထပ်​​မေးရ​အောင်​မလုပ်​နဲ့"

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now