အပိုင်း - ၅၁

11.1K 2K 198
                                    

{Zawgyi}



ကိုယ်ရံတော်ဝင်းထဲရောက်တဲ့အခါ ပိုင်ရန်ထင်ထားတဲ့အတိုင်းကွက်စတိပဲ။ လက်ထောက်ကိုယ်ရံတော်ကျန်းက ဒီမှာအလုပ်တွေဘယ်လောက်တောင် ရှုပ်ယှက်ခတ်နေကြောင်း ညည်းတွားပြီး ပိုင်ရန့်ကို ကိုယ့်တာဝန်ကိုယ်ယူနိုင်ဖို့ မျှော်လင့်နေတယ်။

လက်ထောက်ကိုယ်ရံတော်ကျန်းရဲ့စကားလုံးတွေက တစ်ဖက်နားကဝင် တစ်ဖက်နားကထွက်သွားပြီး ပိုင်ရန်ပါအိပ်ပျော်သွားတော့တယ်။ လက်ထောက်ကိုယ်ရံတော်ကျန်းရဲ့ညည်းငြူချက်တွေက စိတ်ပျက်စရာကောင်းလှပေမယ့် ပိုင်ရန်ကတော့ စိတ်မပူပေါင်။ သေချာတာပေါ့.. နာရီဝက်လောက်ကြာတော့ နန်းတော်ကနေလူတစ်ယောက်ရောက်လာပြီး သတင်းစကားပို့တယ် : နတ်ဆိုးဘုရင်ကြီးက ကိုယ်ရံတော်အရာရှိကိုတွေ့ချင်နေပါတယ်တဲ့…

လက်ထောက်ကိုယ်ရံတော်ကျန်းကတော့ သူ့ပါးစပ်ကိုသာပြန်ပိတ်ပြီး ပိုင်ရန်တစ်ယောက် ဟန်တစ်လုံးပန်တစ်လုံးနဲ့ ဝင်းထဲကလျှောက်သွားကာ မျက်စိတစ်မှိတ်အတွင်းပျောက်ကွယ်သွားတာကိုပဲ ကြည့်နေရတယ်။

အဲ့သလိုနဲ့ ဒီတိုင်းပဲနှစ်ရက်တာကုန်ဆုံးသွားတယ်။ တတိယမြောက်နေ့မှာ နတ်ဆိုးဘုရင်ကြီးနဲ့ သဘောတူညီချက်လုပ်ထားတာကို ပိုင်ရန်သတိရသွားပြီး လေ့ကျင့်ရေးကွင်းကို စောစီးစွာရောက်လာခဲ့တယ်။

လေ့ကျင့်ရေးကွင်းနားမှာ တစ်ယောက်မှမရှိပဲ ရှင်းလင်းနေတယ်။

သူထိုနေရာမှာရပ်ပြီး စောင့်နေလိုက်တယ်။ နတ်ဆိုးဘုရင်ကြီးများ သူတို့ရဲ့သဘောတူညီချက်ကိုမေ့သွားပြီလားလို့ စတင်တွေးမိလာတဲ့အချိန်မှာ ကောင်းကင်ပေါ်က အနက်ရောင်ပုံရိပ်တစ်ခုဆင်းသက်လာတယ်။

ထိုအနက်ရောင်ပုံရိပ်ရဲ့ ထင်ရှားတဲ့အသွင်အပြင်နဲ့ သာမန်ထက်သာလွန်တဲ့ဟန်ပန်တွေကြောင့်… နတ်ဆိုးဘုရင်ကြီးကလွဲလို့ ဘယ်သူဖြစ်နိုင်အုံးမှာလဲ?

ထိုလူကကြီးမားတဲ့အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်တွေကိုလည်း မစီးနှောင်ဘဲဒီတိုင်းချထားတယ်။ နူးညံ့တဲ့လေပြေလေးကြောင့် သူ့ရဲ့ဝတ်ရုံနဲ့ ဆံနွယ်လေးတွေက လေထုထဲမှာ ကျက်သရေရှိစွာတလွင့်လွင့်ဖြစ်နေတယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now