အပိုင်း - ၉၇

7.1K 1.5K 92
                                    


{Zawgyi}

နောက်ဆုံးပြန်မတုံ့ပြန်နိုင်ခင် ပိုင်ရန်စိတ်ထဲမှာ အချိန်အတော်ကြာအောင် ဗလာကျင်းသွားခဲ့တယ်။ သူခုလေးတင် သိလိုက်ရတဲ့အချက်အလက်တွေကို အစီအစဉ်တကျဖြစ်အောင်လုပ်ရင်း ဦးနှောက်ဘီးလုံးကြီးတွေ လည်ပတ်လာတယ်။

'ငါ့ဦးလေးက ငါ့အစ်ကိုကြီးရဲ့မတော်တဆမှုကို ဖြစ်အောင်လုပ်ခဲ့တာ'

'ငါ ဒီကိုကူးပြောင်းလာချိန်တုန်းကလည်း အနည်းငယ်အလွဲအချော်ဖြစ်စေတဲ့ အကြောင်းပြချက်ကလည်း သူပဲ'

'ဒီကမ္ဘာကြီးက ပျက်ဆီးတော့မယ်'

'တကယ့်ကမ္ဘာမှာရှိတဲ့ ကျီယွမ်နဲ့ တခြားသူတွေအားလုံးက ငါ့ကို ကျိုးရင်လို့ ထင်နေကြတယ်'

'ကျီယွမ်က ငါ့ကိုကယ်ဖို့အတွက် data packတစ်ခု သွင်းပေးခဲ့တယ်'

'ငါ ထွက်သွားချင်တယ်ဆိုရင် data packကို ယူဖို့လိုတယ်'

'အထက်ကိုဆန်တက်တာရဲ့ သော့ချက် ဒါမှမဟုတ် တခြားစကားနဲ့ပြောရင် ထွက်သွားဖို့ဆိုတာ ရှဲ့ဇီထျန်းကို သတ်မှရမယ်'

'ရှဲ့ဇီထျန်းကို သတ်တာ...'

'ငါ့ကို သတ်တာ???'

ပိုင်ရန့်စိတ်ထဲမှာ ချက်ချင်းဆိုသလို ကသောင်းကနင်းတွေဖြစ်ကုန်တယ်။

'ငါသာ သေသွားရင်၊ ဘယ်လိုလုပ် ထွက်လို့ရမှာလဲ?'

'ငါသာ ထွက်သွားမယ်ဆိုရင် ကျီဇီရွှမ်ကို ဘယ်လိုလုပ်မလဲ?'

'ဒီကမ္ဘာကြီး ပျက်ဆီးသွားရင် ဆိုလိုချင်တာက ဒီလူတွေအားလုံး...'

ပိုင်ရန် တံတွေးမြိုချလိုက်တယ်။

ထိုအချိန်မှာတင် သူ့စိတ်ထဲမှာ ရှောင်လင်းရဲ့အသံကို ကြားလိုက်ရတယ် "နောက်ဆုံးတော့ နိုးပြီပဲ En... သခင် ဘာတွေဖြစ်နေတာလဲ? ဘယ်လိုဖြစ်လို့ မျက်နှာက ဒီလောက်တောင် ရုပ်ဆိုးနေရတာလဲ?"

ပိုင်ရန် သူ့ရဲ့ရှုပ်ထွေးနေတဲ့ခံစားချက်တွေကို ဖိနှိပ်ချကာ မေးလိုက်တယ် "ရှောင်လင်း နိုးလာပြီလား?"

ရှောင်လင်း ဇဝေဇဝါနဲ့ ပြောလာတယ် "အင်း၊ သခင်... ဘာဖြစ်ခဲ့တာလဲ?"

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now