အပိုင်း - ၇၆

9.3K 1.7K 271
                                    

{Zawgyi}

"အရှင်ကြီး နှစ်ကိုယ်တွဲကျင့်ကြံဖို့ ဒါကြီးက မစောလွန်းဘူးလား?" သူမေးလိုက်တယ်။

"မစောဘူး" နတ်ဆိုးဘုရင်ကြီး တက်ကြွလှုပ်ရှားစွာ ပြောလာတယ်။ "ကိုယ်တော့်ခန္ဓာကိုယ်က စောစောအားပြည့်လာလေ မင်းကို လူသားနယ်မြေစီ ရှုခင်းကြည့်ဖို့ စောစောခေါ်သွားနိုင်လေပေါ့"

အဟက်...

ပိုင်ရန် အသက်ကိုပြင်းပြင်းရှုသွင်းကာ သူ့ကိုဆန့်ကျင်ဘက်လုပ်မိတော့မလိုဖြစ်နေတာကို အောင့်အီးသည်းခံနေရတယ် "အဲ့တော့ အရှင်ကြီးပြောနေတာက ခန္ဓာကိုယ်ပြန်ကောင်းလာပြီဆိုရင် ကျွန်တော့်ကို လူသားနယ်မြေဆီ ခေါ်သွားပေးမယ်ပေါ့?"

နတ်ဆိုးဘုရင်ကြီး ခဏလောက် စဉ်းစားလိုက်ပြီး ခေါင်းငြိတ်ပြလာတယ်။

ပိုင်ရန့်ခေါင်းထဲက ဘီးလုံးတွေ အလျင်အမြန်စတင်လည်ပတ်လာတယ်။ နတ်ဆိုးဘုရင်ကြီးရဲ့ခန္ဓာကိုယ်သာ မြန်မြန်သက်သက်သာသွားရင် သူ ဇာတ်လိုက်ကို နည်းနည်းစောပြီးတွေ့နိုင်မယ်၊ ဒီလိုအပေးအယူက... ကောင်းပြီလေ။

ဒီလိုတွေးကြည့်လိုက်တော့လည်း သိပ်မဆိုးပါဘူး။

ပိုင်ရန် သူ့ကိုယ်သူပြင်ဆင်ပြီး ပြောလိုက်တယ်။ "ဒါဆိုလည်း ကောင်းပါပြီ စကြမယ်လေ"

နတ်ဆိုးဘုရင်ကြီးမျက်လုံးတွေ အရောင်တောက်သွားကာ သူ့ပုခုံးကို အပြေးအလွှားလာဖက်ပြီး ဗရုတ်သုတ်ခနိုင်စွာ သူ့နှဖူးပေါ် အနမ်းတစ်ပွင့် စွန့်ကျဲလာတယ်။

ပိုင်ရန် မရှောင်လိုက်ဘူး။

ထိုအနမ်းက အလွန်ကိုပေါ့ပါးသိမ်မွေ့ကာ ဂရုစိုက်တဲ့ခံစားချက်လေးပါဝင်နေတဲ့အတွက် ပိုင်ရန့်ကို ရင်တုန်ပန်းတုန်ဖြစ်သွားစေတယ်။

"အရှင်ကြီး..."

"ကိုယ်တော့်နာမည်ကို ခေါ်"

သူစက္ကန့်ပိုင်းလောက်သာ တွန့်ဆုတ်နေပြီး တိုးဖွဖွပြောလိုက်တယ် "လီဇီရွှမ်"

"အင်း"

နွေးထွေးတဲ့နှုတ်ခမ်းတစ်စုံ တိုးကပ်လာပြီး သူ့ခါးပေါ်မှာ ပွေ့ဖက်ထားတဲ့ လက်တစ်စုံကလည်း တင်းကျပ်လာတယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now