အပိုင်း-၁၇ (Zawgyi + Unicode)

14.9K 2.4K 33
                                    


{Zawgyi}

မကောင်းဆိုးဝါးမှော်အစွမ်းတွေ လွှမ်းခြုံခံလိုက်ရတာကြောင့် လူတွေသူတို့ရဲ့အသိစိတ်တွေ ပျောက်ကုန်ပြီး အချင်းချင်းစတင်တိုက်ခိုက်ကြတော့တယ်။

တခဏအတွင်းမှာ တိမ်လွှာပျံဝဲဂိုဏ်းတစ်ခုလုံး ရူးသွပ်ကုန်ကြတော့တယ်။

"သူကနတ်ဆိုးပဲ! သူကနတ်ဆိုး!" နောက်ဆုံးတော့ တစ်ယောက်ယောက်က ကြောက်လန့်တကြားအော်ဟစ်လာတယ်။

လူသားနယ်မြေနဲ့ နတ်ဆိုးနယ်မြေကို ခွဲထားပြီးနောက်မှာ နတ်ဆိုးအသွင်ကို မြင်ရတာက ရှားလာတယ်။ နတ်ဆိုးတွေရဲ့အသွင်တွေကို လူတိုင်းကသူတို့စိတ်နှလုံးထဲမှာ စွဲနေအောင်မှတ်မိကြတာဖြစ်တယ်။ ပြီးတော့ ပိုင်ရန်ကအရမ်းအင်အားကြီးတယ်၊ ဒါက နယ်မြေနှစ်ခုကိုခြားထားတဲ့ အတားအဆီးမှာ ပြဿနာတစ်ခုခုရှိနေပြီဆိုတဲ့ အဓိပ္ပါယ်ပဲ။

"အားလုံးပဲ မကြောက်ကြပါနဲ့! ဂါထာကိုရွတ်နေ! တည်တည်ငြိမ်ငြိမ်နေကြ!" တိမ်လွှာပျံဝဲဂိုဏ်းက ခေါင်းဆောင်ထွက်လာပြီး တပည့်တွေကို စိတ်ဖောက်ပြန်တာတွေ ထိန်းနိုင်အောင်လို့ သူနဲ့အတူဂါထာရွတ်ဖတ်ဖို့ ခေါ်လိုက်တယ်။

"အဖေ!" ကျောင်ချင်းအာကလည်း သူ့နောက်ကနေလိုက်လာတယ်။ သူမဘေးနားက တပည့်တွေအချင်းချင်းသတ်နေကြတာကို ကြည့်ပြီးတောင့်တင်းသွားတယ်။ ပြီးနောက် ရှေ့တိုးကာ အော်ဟစ်တော့တယ် "နင်တို့တွေ တိုက်နေတာတွေရပ်လိုက်တော့! မတိုက်ကြနဲ့တော့!"

ပိုင်ရန် လော့ကျန်းဖန်းနဲ့ သူ့ကိုထောက်ပံ့ပေးနေတဲ့ နှစ်တရာအကြီးအကဲတို့လည်း ပေါ်လာတာကိုတွေ့လိုက်ရတယ်။ လော့ကျန်းဖန်းက ပိုင်ရန်ရှိရာဘက်ကို ခေါင်းကိုစောင်းကြည့်လိုက်ပြီး မယုံသင်္ကာဖြစ်နေသလိုပုံပေါက်နေတယ်။

ပိုင်ရန်သူနဲ့ အကြည့်ချင်းဆုံသွားပြီး ဒီဟာနဲ့ပတ်သက်ပြီး လော့ကျန်းဖန်းသူ့ကို သံသယ၀င်နေပြီဆိုတာသိလိုက်တယ်။

အရာရာကဖြစ်ပျက်နေပြီ ပိုင်ရန်မရပ်နိုင်တော့တဲ့အပြင် သူ့ကိုလည်း အားလုံးမရှင်းပြနိုင်သေးဘူး။

လော့ကျန်းဖန်းရဲ့တုံ့ပြန်မှုကလည်း မြန်တယ်၊ သူ့မျက်နှာမှာ ထိတ်လန့်နေတဲ့အမူအရာပေါ်လာပြီး လူအုပ်ကြားထဲကို ကူညီပေးဖို့ပြေးသွားတယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now