အပိုင်း-၁၂ (Zawgyi + Unicode)

16.3K 2.6K 139
                                    


{Zawgyi}

ပိုင်ရန် ဇာတ်ကြောင်းကို ပြန်တွေးကြည့်လိုက်တော့ ဒီလေးယောက်က အင်အားကြီးတဲ့နတ်ဆိုးသားရဲနဲ့ တွေ့ခဲ့ရတာ။ မမလေးလီက အတွေ့အကြုံမရှိတဲ့ကြားက သူမရဲ့အစွမ်းကိုထုတ်ပြခဲ့တာကြောင့် နတ်ဆိုးသားရဲကို ရန်စမိသွားပြီး ဒဏ်ရာတွေရကုန်တာနဲ့ပဲ အဆုံးသတ်သွားတယ်။ ဇာတ်လိုက်ကလည်း သူမကိုအမြန်ကယ်ပေမယ့် သူပါဒဏ်ရာရသွားခဲ့တယ်။ ကျန်တဲ့နှစ်ယောက်ကလည်း သူတို့အတွက်ကူညီပေးဖို့လာပေမယ့် မကောင်းဆိုးဝါးကို မတိုက်နိုင်ဘဲ လေးယောက်သားကြောက်လန့်တကြားသာ ပြေးလာခဲ့ရတယ်။

ဇာတ်လိုက်က လုံးထွေးပုတ်သတ်ရင်း ဒဏ်ရာရလာပေမယ့် တစ်ယောက်မှသူ့ကို စိတ်မပူကြဘူး။ မမလေးလီက အမြဲတမ်းသူ့ကိုနှစ်သက်တယ်လို့ပြောပေမယ့် တကယ့်တကယ်မှာတော့ သူမက တစ်ကိုယ်ကောင်းဆန်ပြီး သူမကိုယ်သူမသာ ဂရုစိုက်တယ်။

"မင်းဘာလို့ မမလေးလီကို မကာကွယ်တာလဲ?" လုံခြုံတဲ့နေရာရှာတွေ့ပြီးတော့ တပည့်တစ်ယောက်က ဇာတ်လိုက်ကို ရန်ရှာတော့တယ်။ ဒီတပည့်နှစ်ယောက်က မမလေးလီကို လေးစားတာကြောင့် သူမနောက်ကိုလိုက်ခဲ့ကြတာ။ မမလေးလီက ဇာတ်လိုက်ကို အရေးပေးနေတာတွေက သူတို့ကိုမပျော်ရွှင်စေဘူး။ မမလေးလီဒဏ်ရာရတာကို အကြောင်းပြပြီး ဇာတ်လိုက်ကို နင်းချေဖို့ကြံစည်တော့တယ်။

အခြေအနေကြီးတစ်ခုလုံးက အရမ်းရီစရာကောင်းတယ်။ မမလေးလီက မကောင်းဆိုးဝါးကို အရင်ဆုံးရန်သွားစတာကြောင့် ဒဏ်ရာရသွားခဲ့တယ်။ ဇာတ်လိုက်က သူမကိုသွားကယ်ပြီး သူကိုယ်တိုင်လည်း ထိခိုက်သွားရတယ်။ ဒါကို သူတို့ကဇာတ်လိုက်ကို မကာကွယ်နိုင်လို့ဆိုပြီးအပြစ်တင်တယ်။

ဒါကလည်း အမှန်ဆိုတော့ ဇာတ်လိုက်ခမျာ ဘာမှပြန်မပြောနိုင်ဘူး။ သူသာပြန်ပြောရင် မမလေးလီကို အပြစ်ပုံချသလိုဖြစ်သွားတော့မယ်။ မမလေးလီရဲ့အစေခံတစ်ယောက်အနေနဲ့ တောင်းပန်ဖို့ပဲရှိတော့တယ် "ကျွန်တော်တောင်းပန်ပါတယ်"

မမလေးလီ သူမနှုတ်ခမ်းကိုကိုက်ကာ သူ့ရဲ့လက်မောင်းကို ကိုင်ဖို့လှမ်းလိုက်ပေမယ့် ဇာတ်လိုက်က သူမကိုရှောင်လိုက်တယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Donde viven las historias. Descúbrelo ahora