အပိုင်း - ၃၆ (Zawgyi + Unicode)

12.3K 2.1K 124
                                    



{Zawgyi}

ရထားလုံးလိုက်ကာ နောက်တစ်ကြိမ်ထပ်ဟလာပြီး နတ်ဆိုးဘုရင်ကြီး အတွင်းထဲဝင်လာတယ်။ "သွားကြရအောင်"

သူ့လက်တွေက ပိုင်ရန့်ကိုပွေ့ဖို့အတွက် ဆန့်ထုတ်လိုက်တယ်။

ပိုင်ရန်အသည်းအသန် "ကျွန်တော့်ဘာသာထလိုက်ပါ့မယ်"

"မလှုပ်နဲ့" သူ့ရဲ့အသံနက်ကြီးက ပိုင်ရန့်ပေါ်ကနေ ပဲ့တင်ထပ်ထွက်လာပြီး နတ်ဆိုးဘုရင်ကြီးသူ့ကို အလွယ်တကူပဲ ကောက်မလိုက်တယ်။ "ဒီလိုအခြေအနေမျိုးမှာ ခေါင်းမာမနေစမ်းနဲ့၊ အေးအေးလူလူနေ အပြင်ကလူတွေဘာမှမမြင်ရဘူး"

ပိုင်ရန်တစ်ကိုယ်လုံး အားနည်းနေတာကြောင့် မတတ်သာစွာနဲ့ပဲ နတ်ဆိုးဘုရင်ကြီးချီမတာကို ခံလိုက်ရတယ်။ သူ့ကိုယ်က နတ်ဆိုးဘုရင်ကြီးရဲ့ မှော်အစွမ်းဖုံးလွှမ်းခံရသလို ခံစားလိုက်ရပြီး မြင်ကွင်းရှေ့မှာ မီးတောင်ပုံစံတွေပိတ်ဆို့သွားတယ်။

နတ်ဆိုးဘုရင်ကြီးလက်မောင်းတွေကြား ပိုင်ရန်ရောက်သွားတာနဲ့တပြိုင်နက် သူတို့ရထားအပြင်ကို ရောက်သွားတယ်။

မြင်ကွင်းတွေက နောက်မှာကျန်နေခဲ့တယ်။ လေတွေတိုးနေရမှာဆိုပေမယ့် နတ်ဆိုးဘုရင်ကြီးရဲ့မှော်စွမ်းအင်တွေ လွှမ်းခြုံထားတာကြောင့် ပိုင်ရန့်ကိုလေတိုးတာမျိုးဖြစ်မနေဘူး။ ဒါကအရမ်းကို စိတ်ကူးယဉ်ဆန်တဲ့ခံစားချက်ကြီးပဲ။ ဒီလိုနူးနူးညံ့ညံ့နဲ့ သက်သောင့်သက်သာရှိတာက လေယာဉ်စီးနေရသလိုမျိုးလေး။

နတ်ဆိုးဘုရင်ကြီးက မီးတောက်ဆူးမြို့တော်ကတမန်တော်တွေကို တွေ့ဖို့ငြင်းလိုက်တာက ပိုင်ရန့်ကိုဘယ်လောက် တန်ဖိုးထားကြောင်းပြလိုက်တာပဲ။ ပိုင်ရန်အတုံးလိုက်အတစ်လိုက်ထွက်နေတဲ့ဒေါသတွေတောင် ပြေသွားရတယ်။

ထာဝရအမှောင်ထုနန်းတော်ကနေ အနောက်ပိုင်းအရှင်ရဲ့ပိုင်နက်ကိုသွားတုန်းက  ပိုင်ရန်တစ်ရက်နဲ့ တစ်ညကုန်သွားခဲ့တယ်။ နတ်ဆိုးဘုရင်ကြီးကတော့ ဒီလောက်ခရီးဝေးကြီးကိုတောင် နေ့တစ်ပိုင်းလေးပဲကြာတယ်။

သူတို့တွေအမှောင်ထုနန်းတော်ကိုရောက်တာတောင်မှ နတ်ဆိုးဘုရင်ကြီးက ပိုင်ရန့်ကိုဆက်ပွေ့ထားပြီး စိတ်ဝိဉာဉ်ရေပူစမ်းကို တိုက်ရိုက်သယ်သွားကာ ငြင်ငြင်သာသာလေး ချပေးတယ်။ ပြီးတာနဲ့ ပိုင်ရန့်အဝတ်တွေကို ချွတ်ဖို့လှုပ်ရှားတော့တယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now