အပိုင်း - ၅၈

11.3K 2.2K 94
                                    

{Zawgyi}

ပိုင်ရန်တုန်လှုပ်သွားတယ်။ နတ်ဆိုးဘုရင်ကြီးဆိုတာက ထိုက်တောင်ကြီးရှေ့မှာ ရပ်နေရရင်တောင်မှ ကြံ့ကြံ့ခံပြီးရှိနေအုံးမှာလို့ သူယုံကြည်ထားတာ။ ဘယ်လိုယှဉ်ပြိုင်မှုတွေပဲကြုံရ ကြုံရ ကမ္ဘာကြီးတုန်လှုပ်သွားလောက်တဲ့ကိစ္စရပ်တွေ၊ ချီကမောက်ကမဖြစ်တာပဲဖြစ်ဖြစ်၊ ထာဝရအမှောင်ထုနန်းတော်ကြီးကို နတ်ဆိုးစစ်တပ်ကြီး ဝိုင်းထားတာပဲဖြဟ်ဖြဟ် အမြဲလိုလိုအထင်အမြင်သေးတဲ့အမူအယာနဲ့ပဲရှိနေခဲ့တာဖြစ်တယ်။ လူတိုင်းထိတ်လန့်နေရင်တောင် လူတိုင်းက သူ့ကိုစွန့်ပစ်သွားရင်တောင် မျက်မှောင်ကြီး ဒီလောက်ကျုတ်ပြီးမနေခဲ့ဖူးဘူး။

ပိုင်ရန်ထိတ်လန့်မှုတွေကို မထိန်းထားနိုင်တော့ဘူး "အရှင်ကြီး... ကျွန်တော်က ကယ်လို့မရနိုင်တော့တာလား?"

နတ်ဆိုးဘုရင်ကြီးအမူအယာက သူသေတော့မယ်ဆိုတဲ့ အဓိပ္ပါယ်လား?

သူသေလို့ မဖြစ်ဘူး! သူ့တာဝန်တွေကိုတောင် ပြီးသေးတာမဟုတ်ဘူး!

ဇာတ်လိုက်ရဲ့သွေးကြောတွေကို ပိတ်ဆို့နေတာအကုန်ဖယ်ရှားပေးပြီးသွားပြီ။ သူ့ရဲ့နှုန်းက သာမန်ကျင့်ကြံသူထက် ဆယ်ဆပိုမြန်တော့မှာဖြစ်လို့ ကျင့်ကြံခြင်းကို တစိုက်မတ်မတ်လုပ်မယ်ဆိုရင် မကြာခင်ရွှေရောင်ဗဟိုချက်အဆင့်ကို ကျော်ဖြတ်ပြီး ဝိဉာဉ်အခြေတည်အဆင့်ကိုရောက်တော့မှာဖြစ်တယ်။

သူသာကံကောင်းမယ်ဆိုရင် အခွင့်ကောင်းတွေပါထပ်ပေါင်းရှာနိုင်ခဲ့ရင် ဆယ်နှစ်အတွင်းမှာ အဆင့်မြင့်အခြေအနေတစ်ခုကိုတောင်ရောက်နိုင်ပြီး နောက်ဆုံးမှာ အမတတစ်ယောက်အဖြစ်တောင် တက်လှမ်းနိုင်မှာဖြစ်တယ်။

"အဲ့လိုမပြောနဲ့!" နတ်ဆိုးဘုရင်ကြီး အော်လိုက်တယ်။

ပိုင်ရန် ကြောက်တောင်ကြောက်သွားတယ်။

"ကိုယ်တော် မင်းကိုသေခွင့်မပေးနိုင်ဘူး" နတ်ဆိုးဘုရင်ကြီးပြောလိုက်တယ်။ သူအသက်ကိုပြင်းပြင်းရှုပြီး သူ့မျက်လုံးသူငယ်အိမ်ထဲမှာ ခပ်ဖျော့ဖျော့အလင်းရောင်လေး တောက်ပလာတယ်။ လက်ကိုဆန့်ထုတ်ပြီး ပိုင်ရန့်ပုခုံးကို ဖိချလိုက်တယ် "ရှဲ့ဇီထျန်း စိတ်အေးအေးထား ကိုယ်တော်က မင်းကိုသေချာပေါက် လုံးဝသေခွင့်မပေးနိုင်ဘူး"

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now