အပိုင်း - ၉၂

7.2K 1.7K 293
                                    


{Zawgyi}

"မင်းသူ့ကို ပါးလို့ ခေါ်လို့ရတယ်" ပိုင်ရန် သူ့ကိုယ်သူ အားတင်းပြီးပြောလိုက်တယ်။

နတ်ဆိုးဘုရင်ကြီးနဲ့ ကျိုးရင်တို့ အချင်းချင်းကြည့်နေမိကြတယ်။

သူတို့ထဲကတစ်ယောက်က အသစ်စက်စက်သားတစ်ယောက် ရခဲ့ပြီး နောက်တစ်ယောက်ကတော့ အဖေသစ်နှစ်ယောက် ရထားသူဖြစ်တယ်။ သူတို့ခံစားချက်တွေက ရှုပ်ထွေးလို့နေတယ်။

အတော်ကြာသွားပြီးတဲ့နောက် ကျိုးရင်လည်း အချက်အလက်ကို စီစဉ်တကျလုပ်သွားနိုင်ပုံရတယ် "ခင်ဗျားက ဘာကိုဆိုလိုတာလဲ? ခင်ဗျားတို့... ခင်ဗျားတို့က အတူချည်နှောင်ထားတာလား?"

နတ်ဆိုးဘုရင်ကြီးက တုံးတိပဲ ပြောချလိုက်တယ် "ဟုတ်တယ်"

ပိုင်ရန် "..."

သူ့မှာစကားပြောဖို့အခွင့် မရှိသလောက်ဘဲ။

သူ ဘေးနားလေးမှာ ရှိုးတို့ရှန့်တန့်နဲ့သာ ရပ်နေပြီး နတ်ဆိုးဘုရင်ကြီးရဲ့ မျက်နှာအမူအယာကို ကြည့်နေရတယ်။

သူဒါကို မယုံကြည်ရဲသလိုမျိုး ကျိုးရင်ရဲ့မျက်လုံးတွေက တဖြည်းဖြည်း ပြူးကျယ်လာတယ်။ အဲ့နောက်မှာတော့ သူ အော်ဟစ်လာတော့တယ် "မခေါ်နိုင်ဘူး! ခင်ဗျားက ကျွန်တော့်အမေကို စွန့်ပစ်သွားပြီး ယောကျာ်းတစ်ယောက်နဲ့ လက်ထပ်ဖြစ်တဲ့အထိတောင် ရောက်တယ်ပေါ့? ပြီးတော့ သူ့ကိုတောင် ပါးလို့ ခေါ်စေချင်တယ်? ခင်ဗျားမှာ အရှက်မရှိတော့ဘူးလား?!"

ဒီလိုအပြောအဆိုခံလိုက်ရပြီးနောက် ပိုင်ရန် ဘာမှပြန်မပြောနိုင်ဖြစ်ရတယ်။

နတ်ဆိုးဘုရင်ကြီးမျက်နှာက မည်းမှောင်ကျသွားပြီး ကြိမ်းမောင်းလိုက်တယ် "ဒါ ဘယ်လိုအမူအကျင့်မျိုးလဲ? မင်းအဖေကို ဘယ်လိုလုပ်ပြီး ဒီလိုမျိုးပြောနိုင်ရတာလဲ?"

"ကျုပ် လက်မခံဘူး!" ကျိုးရင် ကျယ်လောင်စွာ အော်ဟစ်ပြီး သူ့ရဲ့မျက်လုံးထောင့်တွေကလည်း ရဲတက်လာတယ်။ ပိုင်ရန့်ကို သူ့အဖေလို့အမြဲတမ်း သံသယဝင်နေခဲ့ပေမယ့် အခုချိန်မှာတော့ သူ့အာရုံတွေအားလုံးက သူ့အဖေရဲ့ 'မိန်းမကိုစွန့်ပစ်ပြီး ယောကျာ်းတစ်ယောက်ကို လက်ထပ်ကာ အခုမှ သူ့ရဲ့သဘောတူညီမှုကိုလိုချင်နေတဲ့ မျိုးမစစ်!'ဆိုတဲ့ အချက်ပေါ်မှာသာ ကျရောက်နေတယ်။ သူ့ရဲ့ခံစားချက်တွေထဲမှာ စုံးစုံးမြုပ်နေပြီး အလွန်တရာဒေါသထွက်နေတော့တယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now