အပိုင်း-၈ (Zawgyi + Unicode)

18.8K 2.9K 75
                                    


{Zawgyi}

ပိုင်​ရန်​တစ်​​ယောက်​ အတွင်းခံဝတ်​တာ၊ မဝတ်​တာအ​ပေါ်မှာ သူအရမ်းဆတ်​ဆတ်​ထိအခံဖြစ်​​နေသလို ခံစား​နေရတယ်​။

သိသိသာသာ​ရော မသိမသာ​ရော​ဖော်​ပြထားတဲ့ ​ဖောက်​ထွင်းမြင်​​နေရတဲ့အဝတ်​​တွေရဲ့​အောက်​က လှပတဲ့ကိုယ်​ထည်​​တွေက အရမ်းဆွဲ​ဆောင်​​နေသလိုပဲ။

ပိုင်​ရန်​ဝင်​လာတာမြင်​​တော့ လူတိုင်းတညီတညွတ်​တည်း ဒူး​ထောက်​ပြီးနှုတ်​ဆက်​တယ်​ "သခင်​ကြီး"

ညုတုတုအသံ​တွေက သူ့ကိုရှက်​ကိုးရှက်​ကန်းဖြစ်​သွား​စေတယ်​။ သူတို့​တွေကိုစိတ်​လှုပ်​ရှားပြီးအမြန်​ထရပ်​ခိုင်းဖို့ပဲရှိ​သေးတယ်​ အ​စောပိုင်းတုန်းက သူ့ကိုယ်​ကိုစီးသွားတဲ့လျှပ်​စီးကိစ္စကို သွားမှတ်​မိလိုက်​တယ်​။ ဒါ​ကြောင့်​ သူ့ပါးစပ်​ကိုပိတ်​ကာ ​ချောင်းဟန့်​ပြီး ငြင်​ငြင်​သာသာနဲ့ "မင်းတို့ထလို့ရပြီ"

ခြံဝင်းထဲကလူ​တွေ တညီတည်းထရပ်​လာကြတယ်​။

သူတို့​တွေအ​ယောက်​သုံးဆယ်​​လောက်​ရှိမယ်​လို့ ခန့်​မှန်းမိတယ်​။

ရှဲ့ဇီထျန်းမှာ ပြိုင်​ဘက်​ကင်းတဲ့အင်​အား​တွေရှိ​နေတာဖြစ်​ရမယ်​။ ဒီသုံးဆယ်​နဲ့ဆို တစ်​​နေ့တစ်​​ယောက်​​ပြောင်းရင်​​တောင်​မှ တစ်​လလုံး​တောက်​​လျှောက်​အလဲအလှယ်​မထပ်​​အောင်​ လုပ်​လို့ရတယ်​! သူ့​ကျောက်​ကပ်​​က အ​ခြေအ​နေ​​​ရောကောင်း​သေးရဲ့လား?

ခြံဝင်းထဲကလူ​တွေက သူတို့မျက်​လုံးထဲမှာ ​မျှော်​လင့်​ချက်​အပြည့်​နဲ့ သူ့ကိုစိတ်​အားထက်​သန်​စွာ​ကြည့်​​နေကြတယ်​။

ဘာကို​မျှော်​လင့်​​နေကြတာတုန်း? ငါနဲ့အတူသူတို့ အိပ်​ယာ​ပေါ်တက်​နိုင်​ဖို့အတွက်​လား?

ပိုင်​ရန်​သွား​တွေ​တောင်​ ကျိန်းလာတယ်​။

သူတို့နှုတ်​ဆက်​ပြီးတာနဲ့​ ​နောက်​ပြန်​လှည့်​မကြည့်​​တော့ဘဲ သူ့မှတ်​ဥာဏ်​အရ စာဖတ်​ခန်းကိုသာ ​လျှောက်​သွားလိုက်​တယ်​။ ​နေဝင်​သွားတဲ့အထိ စာဖတ်​ခန်းမှာစဉ်းစားဖို့ ကြံ​နေလိုက်​တယ်​။ သူ့မှတ်​ဥာဏ်​ကို နှိုက်​နှိုက်​ချွတ်​ချွတ်​ဆန်းစစ်​ပြီး ဘာလုပ်​သင့်​လဲဆိုတာ အပြင်းအထန်​စဉ်းစားမှဖြစ်​မယ်​။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now