အပိုင်း - ၈၄

7.6K 1.5K 115
                                    


{Zawgyi}

သူပြောလို့မပြီးသေးခင်မှာ လူငယ်နှစ်ယောက်ထဲက တစ်ယောက်က ထအော်တော့တယ် "အာ အဲ့ကျိုးရင်! သူက ဘာလို့ နတ်ဆိုးနယ်မြေက အကူအညီကို မှီခိုရမှာလဲ?"

"ဘယ်သိမှာလဲ?" ထိုလူက ပုခုံးတွန့်လိုက်တယ်။ "သူက နတ်ဆိုးတွေအပေါ် မှီခိုအားထားနေတာပဲနေမှာပေါ့၊ မဟုတ်ရင် တိမ်လွှာပျံဝဲဂိုဏ်းမှာ အဆင်ပြေနေတာကိုတောင် ဘာလို့ ကျောက်စိမ်းတိမ်လွှာပုလဲကို ခိုးမှာလဲ? အရင်က သူ နတ်ဆိုးနယ်မြေကို မှီခိုနေတယ်ဆိုတာ ဘယ်သူမှမသိကြဘူး၊ ဒါပေမယ့် ခုတလော အကြီးအကဲချိုးပျောက်သွားပြီး အကြီးအကဲကို သတ်လိုက်တဲ့လူက သူဖြစ်နေတာ သိလိုက်ရတယ်လေ... အကြီးအကဲချိုးက သူမသေခင် စာတစ်စောင်ချန်သွားတယ်၊ ပြောကြတာတော့ ကျိုးရင်က နတ်ဆိုးနယ်မြေက အကူအညီယူနေတယ်ဆိုတာကို သူရှာတွေ့သွားပြီတဲ့ တကယ်လို့များ သူသာသေသွားခဲ့တယ်ဆိုရင် ကျိုးရန်လက်ချက်ပဲ ဖြစ်ရမယ်တဲ့... အကြီးအကဲချိုးရဲ့အလောင်းကို လွန်ခဲ့တဲ့ရက်လောက်ကပဲ အကြီးအကဲလော့က ရှာတွေ့သွားတာ၊ သူက ဂိုဏ်းကို ရှင်းလင်းရမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်"

သူတို့နောက်မှာ ရပ်နေတဲ့ပိုင်ရန်က ဒါကိုကြားလိုက်ရချိန်မှာ သူ့ရင်တွေ တင်းကျပ်သွားရတယ်။ သေချာပေါက်ကို လော့ကျန်းဖန်းက လှုပ်ရှားလိုက်ပြီ။ ပြီးတော့ ဒီလှုပ်ရှားမှုက ဇာတ်လိုက်ကို ချောက်ချလိုက်တာဖြစ်တဲ့အတွက် ပုန်းလျှိုးကွယ်လျှိုးမဟုတ်ဘဲ ဇာတ်လိုက်ကို အန္တရာယ်ပြုလို့ရပြီ။

နောက်ထပ်လူငယ်က အနည်းငယ်ပိုတည်ငြိမ်ပုံရတယ် "ကျိုးရင်က တစ်ချိန်တုန်းက ဖီးနစ်မြို့တော်အရှင်ရဲ့သမီးကို ကယ်ခဲ့ဖူးတာကို ငါမှတ်မိတယ်၊ ပြီးတော့ အရမ်းကိုသူရဲကောင်းဆန်တာနော်... ငါတို့တွေ မစဉ်းစားမဆင်ခြင်ဘဲနဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ သက်သေလည်း မရှိဘဲနဲ့ သူက နတ်ဆိုးနယ်မြေက အကူအညီကိုယူတယ်ဆိုပြီး ပြောလို့မရဘူး"

"သက်သေမရှိဘူးဆိုတာ ဘာကိုပြောချင်တာလဲ? အကြီးအကဲချိုးရဲ့စာက သက်သေမဟုတ်ဘူးလား?" နောက်လူငယ်က ပြန်လည်ချေပတယ် "တိမ်လွှာပျံဝဲဂိုဏ်းက သခင်ကြီးလော့ကတောင် အဲ့လူက သစ္စာဖောက်ဆိုပြီး ပြောခဲ့တာ အဲ့တာအတိအကျပဲမဟုတ်ဘူးလား? ဝှက်ပန်းတံလျပ်ပွဲနေ့မှာလည်း လူအယောက်နှစ်ရာကျော်သေတာတောင် သူတစ်ယောက်တည်း အသက်ရှင်ကျန်နေကတည်းက ထူးဆန်းတယ်လို့ ငါထင်နေခဲ့တာ... အဲ့တာထက် သူက နဂါးနိုင်ဓားကိုတောင် ရသွားလိုက်သေးတယ်၊ ဘယ်လိုတောင် ကံကောင်းမှုကြီးလဲ? ငါပြောမယ် သူက အဲ့တုန်းတည်းက နတ်ဆိုးနယ်မြေက ကြံရာပါဖြစ်နေလောက်ပြီ၊ သူ့လိုမျိုး ဘာမဆိုင်ညာမဆိုင် လူသစ်လေးက ရှင်ကျန်နေခဲ့တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ? ဝှက်ပန်းတံလျပ်ပွဲပြီးတော့ သူက အပိုင်းပိုင်းအစစ ခုတ်ထစ်ခံရမှာ မဟုတ်ဘူးလား? ဒါပေမယ့် နတ်ဆိုးနယ်မြေဘက်က ရုတ်တရက်ထလာပြီး သူ့ကိုဖမ်းခေါ်သွားတယ်လေ... တိုက်ဆိုင်မှုကြီးက မလွန်လွန်းဘူးလား?"

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now