အပိုင်း - ၇၂

11.2K 1.7K 52
                                    

{Zawgyi}

‘ဒီလောကမှာရှိတဲ့ ဇာတ်ကောင်တွေကို ဒီဇိုင်းဆွဲခဲ့တဲ့ ဘယ်သူပဲဖြစ်ဖြစ် အတော်လေးကောင်းကောင်းလုပ်ခဲ့တာပဲ’ ပိုင်ရန် အူလှိုက်သည်းလှိုက် ချီးကျူးမိတယ်။ အဲ့နောက် ခေါင်းကို ငုံ့ကာ ပေါင်ကို ဆက်ပြီးပွတ်နေရတယ်။

သူ့ခန္ဓာကိုယ်ပေါ်က ဆေးတွေကို ဆေးကြောပြီးနောက် ကျန်နေသေးတာဆိုလို့ ‘အဲ့’ကို့ရိုးကားယားနေရာပဲ ရှိတော့တယ်။

ရေပေါ်မှာ မျက်လုံးတွေနဲ့ နှာခေါင်းပဲပေါ်တဲ့အထိ ဖြေးဖြေးချင်းတိမ်ဝင်သွားလိုက်တယ်။ သူ့တစ်ကိုယ်လုံး ရေအောက်မှာမြုပ်နေတုန်း ရေကိုအကာအကွယ်ယူကာ သူ့ဘာသာလက်လှမ်းပြီး အထဲမှာရှိနေတာကို ရှင်းဖို့ ကြိုးစားလိုက်တယ်။

မနေ့ညတုန်းက စိတ်ပျက်စရာကိစ္စက ကျန်ရစ်နေတုန်းပဲ။

ပထမအကြိမ်တုန်းက အရမ်းမြန်တယ်။ နတ်ဆိုးဘုရင်ကြီးက ဝင်လိုက်တယ်ဆိုရင်ပဲ ပြီးသွားခဲ့တယ်။ သူက သေနတ်သမားလိုပဲ မြန်လိုက်တာလို့ ပိုင်ရန်တွေးလိုက်သေးတယ်။ စိတ်ထဲမှာ မကျေမချမ်းဖြစ်နေတာတောင် နတ်ဆိုးဘုရင်ကြီးကို လှောင်ရယ်လိုက်သေးတယ်။ ဒါပေမယ့် ဒုတိယအကြိမ်က ညအချိန်ရောက်မှ ကောင်းကောင်းပြီးသွားခဲ့ပြီး တတိယအကြိမ်ကတော့ မိုးသောက်ချိန်ရောက်လုနီးပါထိ ရှည်ကြာခဲ့တယ်။

အစကနေ ပြီးဆုံးသွားတဲ့အထိ ဘာနည်းစနစ်မှာမရှိဘဲ နတ်ဆိုးဘုရင်ကြီးသိတာဆိုလို့ သွင်းမယ်ဆိုတာပဲရှိတယ်။ ကံကောင်းချင်တော့ ပိုင်ရန့်ခန္ဓာကိုယ်က သန်မာတယ်။ ညအချိန်တစ်ဝက်လောက်ကို နာကျင်ခံစားလိုက်ရပြီး ကျန်တဲ့တစ်ဝက်လောက်ကိုတော့ ထုံထိုင်းကာ ဘာမှန်းတောင် ဖော်ပြလို့မတတ်တဲ့ခံစားချက်သာရှိတယ်။

ပိုင်ရန် အဲ့လိုခံစားချက်မျိုး ထပ်ပြီးမကြုံချင်တော့ဘူး။

‘မွန်းစတားကောင်ကြီး!’

သူ အံကြိတ်ပြီး နတ်ဆိုးဘုရင်ကြီးဘက် လှည့်ကြည့်လိုက်တော့ သူ့ဘာသာသူ သန့်ရှင်းရေးလုပ်တာနဲ့တင် အလုပ်များနေပြီး ပိုင်ရန့်ကို အရေးမစိုက်နိုင်ဘူးဆိုတာ တွေ့လိုက်ရတယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now