{Zawgyi}ဒါသူ့စိတ်ထင်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ အရှင်နတ်ဆိုးဘုရင်ကြီးက အင်မတန်ခန့်ညားကြီးကျယ်တာ ဘယ်လိုလုပ်အဲ့လိုလုပ်မှာလဲ?
သလ္လင်ရှေ့မှာ လူလေးယောက်မတ်တပ်ရပ်နေတယ်။ အလည်တည့်တည့်မှာ ဝတ်ရုံနက်နဲ့ဆံပင်ဖြူဖြူလူအိုကြီးက ပလ္လင်ကိုမျက်နှာမူပြီးရပ်နေတယ်။ သူကပိုင်ရန်ကို နောက်ကျောပေးထားကြောင့် သူ့ကိုသေချာမမြင်ရဘူး။ ဘယ်ဘက်မှာက လူနှစ်ယောက်ရပ်နေတယ်။ နှစ်ယောက်ထဲကတစ်ယောက်က အတော်လေးအရပ်ရှည်ပြီး 2.5မီတာဝန်းကျင်လောက်ရှိကာ ယောင်မင်းထက်အရပ်ရှည်တယ်။ သူကအမျိုးအမည်မသိတဲ့ပစ္စည်းကချုပ်ထားတဲ့ ရွှေရောင်အကျီကိုဝတ်ဆင်ထားပြီး ပေါ်နေတဲ့လက်မောင်းကြွက်သားတွေက လူတစ်ယောက်ရဲ့ပေါင်တွေထက်တောင်ကြီးသေးတယ်။ သူ့ရဲ့လက်ကြီးတွေကလည်း ကြီးမားလွန်းတာကြောင့် အဲ့ဧရာမလက်သီးကြီးတွေသာ ဝဲပျံလာလို့ကတော့ လူတစ်ယောက်ရဲ့အသက်တစ်ဝက်လောက်ကို အသာလေးနှုတ်နိုင်လိမ့်မယ်လို့် ပိုင်ရန်တွေးလိုက်မိတယ်။ သူရဲ့မျက်နှာအမူအရာက ခက်ထန်ပြီး မျက်ခုံးမွှေးကလည်း သာမာန်လူထက်နှစ်ဆလောက်ပိုထူထဲကာ မျက်လုံးတွေကလည်း ဆန်းပြားတဲ့အပြာရောင်မျိုးဖြစ်တယ်။
ဒီအသွင်အပြင်အရ ... သူက "လေရူးသုန်သုန်"ရဲ့ အရှင်လေးပါးထဲက ကျောင်ရှို့ဖြစ်မယ်။
ဝတ္ထုအရ၊ ကျောင်ရှို့ကနွားသိုးတစ်ကောင်လိုသန်မာပြီး ပြိုင်ဘက်ကင်းသံမဏိကိုယ်ထည်ကို ပိုင်ဆိုင်ထားတယ်။ သူ့လက်နက်က သူ့ခန္ဓာကိုယ်ပဲ။ အခုပိုင်ရန်သူ့မျက်လုံးနဲ့ တပ်အပ်တွေ့လိုက်မှ အဲ့ဖော်ပြထားတာတွေက လုံးဝအတိအကျမှန်တယ်လို့ ခံစားရတယ်။
သူ့ဘေးနားမှာရပ်နေတာက အဖြူရောင်ဝတ်စုံနဲ့ အရပ်ရှည်ရှည်သွယ်သွယ်လူတစ်ယောက်ဖြစ်တယ်။ အဲ့လူရဲ့မျက်လုံးတွေက မြေခွေးလို ကလိန်ကကျစ်နဲ့ကောက်ကျစ်တတ်တဲ့ပုံစံမျိုး။ သူ့ရဲ့နှုတ်ခမ်းစွန်းတွေက ကော့တက်နေပြီး ခေတ်သစ်မှာဆိုရင်ရည်မွန်တဲ့အပြုံးလိုလိုနဲ့ သူ့ပုံစံက အရမ်းခင်မင်တတ်တဲ့ပုံရှိတယ်။ သို့ပေသိ၊ TV dramaကြည့်ပြီးသွားတာကြောင့် ပိုင်ရန်သိနေတယ်။ ဒီလူကနတ်ဆိုးနယ်မြေရဲ့အရှင်လေးပါးထဲကတစ်ပါးဖြစ်တဲ့ လျို့ကျန်းဖန်းဖြစ်တယ်။
YOU ARE READING
နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}
FantasyTitle - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre - Fantasy Eng Translators - Rosana Myanmar Translator - Kay_Wine 😉