အပိုင်း - ၆၃

9.2K 2K 323
                                    

{Zawgyi}

သခင်ကြီးတျန်းကျူရဲ့တပည့်တွေ!

ပိုင်ရန် အံ့အားသင့်သွားတယ်။

သခင်ကြီးတျန်းကျူဆိုတာ နတ်ဆိုးနယ်မြေမှာ အတော်ဆုံးနဲ့ အကျော်ကြားဆုံးဆေးလုံးဖော်စပ်တဲ့ဆရာကြီးတစ်ယောက်ဖြစ်တယ်။ အစောပိုင်းတုန်းက နတ်ဆိုးဘုရင်ကြီးသူ့ကိုပေးခဲ့တဲ့ ကျင့်ကြံခြင်းဆေးလုံးကိုလည်း သူပဲသန့်စင်ပေးခဲ့တာ။ အခု နတ်ဆိုးဘုရင်ကြီးက တရားလွန်သူ့ဆီကို သခင်ကြီးတျန်းကျူရဲ့တပည့်တွေတောင် ပေးလိုက်သေးတယ်!

"အာ ကျွန်မအသက်တောင်မရှုနိုင်တော့ဘူး!" သူ့ခေါင်းထဲက ရှောင်လင်းပြောလာတယ်။ သူ့မှာသာ ခန္ဓာကိုယ်ရှိမယ်ဆိုရင် သူ့လက်တွေနဲ့ ရင်ဘတ်ကိုဆုတ်ကိုင်ထားမိမှာ။ "ယောကျာ်းတစ်ယောက်ကသာ ကျွန်မကို ဒီလောက်ကြီးကောင်းကောင်းမွန်မွန်ထားမယ်ဆိုရင် ကျွန်မသေချာပေါက် သူ့ကိုလက်ထပ်ပစ်မှာ!"

ပိုင်ရန် "..."

ပိုင်ရန် စိတ်တွေရှုပ်ထွေးနေပြီ။ နတ်ဆိုးဘုရင်ကြီးက သူ့အတွက် ကျင့်ကြံခြင်းဆေးလုံးနောက်တစ်လုံးထပ်ထုတ်လိုက်မှာ စိုးရိမ်လွန်းလို့ လိမ်ညာပြီး ဆေးလုံးဖော်တဲ့ဆရာတွေရှာမယ်လို့ ပိုင်ရန်လိမ်ပြောခဲ့တာ။ အခုတော့ မျက်တောင်တစ်ခတ်အတွင်းမှာ နတ်ဆိုးဘုရင်ကြီးက ဝိဉာဉ်အစွမ်းပြည့်ဝနေတဲ့ ဆေးမြစ်တွေနဲ့ သခင်ကြီးတျန်းကျူရဲ့တပည့်တွေကိုတောင် သူ့အတွက်ဆေးလုံးကို သန့်စင်ပေးဖို့ဆိုပြီး လွှတ်လိုက်သေးတယ်! ရှောင်လင်း တရှုံ့ရှုံ့ငိုနေတယ် "ဒါကသာအချစ်မဟုတ်ဘူးဆိုရင် ဘာလဲ?"

ပိုင်ရန် "..."

ပိုင်ရန်မျက်နှာတစ်ခုလုံး ရဲတောက်လာတော့တယ် "ပါးစပ်ပိတ်"

သူအချိန်အတော်ကြာအောင် ဘာမှမပြောတာကြောင့်ဖြစ်လိမ့်မယ်၊ အညိုရောင်ဝတ်ထားတဲ့ လူကြီးနှစ်ယောက်ထဲက အသက်ပိုကြီးတဲ့တတစ်ယောက်က သံသယဝင်သလိုခံစားရတာကြောင့် ပြောလာတယ် "အရှင် အရှင့်ရဲ့ဆေးလုံးဆရာတွေထွက်လာပြီး ကျွန်တော်တို့နဲ့ တွေ့ပေးလို့ရမလား? ရှေ့လျှောက်ဆို ကျွန်တော်တို့တွေ အရှင့်အတွက် ဆေးလုံးအတူသန့်စင်တာဖြစ်ဖြစ် ဒါမှမဟုတ်လည်း သန့်စင်ဖို့ အကောင်းဆုံးနည်းလမ်းတွေကို ပူးပေါင်းလုပ်ကြည့်တာဖြစ်ဖြစ်လုပ်နိုင်တယ်လေ"

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now