အပိုင်း-၂၀ (Zawgyi + Unicode)

14.7K 2.5K 58
                                    

{Zawgyi}

အရှုပ်အထွေးတွေကြားမှာ ထိုအရိပ်နဲ့ပိုင်ရန်တို့ ထွက်ပြေးတိမ်းရှောင်သွားတဲ့အထိ အကြီးအကဲတွေ  သူတို့ရဲ့စည်းချထားတဲ့ဟာကို ပြန်အစီအစဉ်မချလိုက်နိုင်ဘူး။

သူ့မျက်နှာကိုလေတွေ စွတ်တိုက်နေတာကြောင့် ထာဝရအမှောင်ထုနတ်ဆိုးဘုရင်ကြီးရဲ့ မျက်နှာဘက်ကို ပိုင်ရန်လှည့်ကြည့်လိုက်တယ်။

ဟမ်? ဘာကြောင့် ထာဝရအမှောင်ထုနတ်ဆိုးဘုရင်ကြီးက ပေါ်လာရတာလဲ?

သူ့စိတ်ထဲမှာ သံသယအချို့ဖြတ်သန်းသွားတယ်။ ပိုင်ရန် သူ့ကိုတစ်ယောက်ယောက်က လာကယ်လိမ့်မယ်လို့တော့ မှန်းပြီးသား ဒါပေမယ့် အဲ့တစ်ယောက်ယောက်က လော့ကျန်းဖန်းပဲဖြစ်နိုင်လိမ့်မယ်လို့ မှန်းထားခဲ့တာ။ ပိုင်ရန် တိမ်လွှာပျံဝဲဂိုဏ်းမှာ ပြဿနာရှာတုန်းက သူလည်းရှိနေခဲ့တယ်လေ။ လော့ကျန်းဖန်းက ပိုင်ရန့်အပေါ်မှာတော့ သိပ်သတိထားပြီးမနေဘူး၊ ပြီးတော့ သူ့ကို သူ့ရဲ့လက်ထောက်တစ်ယောက်လို၊ အဖော်တစ်ယောက်လိုတောင် စဉ်းစားသင့်တာ။ သူ ပိုင်ရန်ကိုမကယ်ချင်ဘူးဆိုရင်တောင်မှ သူတို့စီစဉ်ထားတဲ့အတိုင်းမှ ဖြစ်ရဲ့လားလို့ တစ်ချက်လောက်တော့ လာကြည့်သင့်တယ်။

သူမထင်ထားခဲ့တာကတော့ သူ့ကိုလာကယ်မှာက လော့ကျန်းဖန်းဖြစ်နေမယ့်အစား ထာဝရအမှောင်ထုနတ်ဆိုးဘုရင်ကြီး ဖြစ်နေခဲ့မယ်ဆိုတာကိုပဲ။

ဒါကတော့ ပိုင်ရန်ဘယ်တုန်းကမှ တွေးတောင်မတွေးခဲ့ဖူးတဲ့အရာပဲ။

TVစီးရီးမှာဖြစ်ဖြစ်၊ ၀တ္ထုထဲမှာဖြစ်ဖြစ် နောက်ဆုံးဆရာကြီးက အကြောင်းမရှိဘဲပေါ်လာစရာအကြောင်းမရှိဘူး။ သူတို့ကနောက်ဆုံးအချိန်တွေမှ ပုံစံအလန်းဇယားကြီးတွေနဲ့ရောက်လာပြီး ဇာတ်လိုက်ချတာကိုခံကြရမှာလေ။

အဲ့တာအပြင် ထာဝရအမှောင်ထုနတ်ဆိုးဘုရင်ကြီးက သူ့ရဲ့အတွင်းစိတ်ရိုင်းတွေဖိနှိပ်တာခံရတာကြောင့် နတ်ဆိုးနယ်မြေမှာပဲနေနေရတာလေ။ ဘောက်မဲ့ကြောင့် လူသားနယ်မြေမှာပေါ်လာရတာတုန်း?

“အရှင်?”

“အသက်အောင့်ထား၊ စကားမပြောနဲ့အုံး” ထာဝရအမှောင်ထုနတ်ဆိုးဘုရင်ကြီးရဲ့ အသံကတော့အရင်အတိုင်း အေးစက်နေမြဲပဲ။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Hikayelerin yaşadığı yer. Şimdi keşfedin