အပိုင်း - ၆၁

9K 2.1K 331
                                    

{Zawgyi}

ပိုင်ရန့်အမိန့်ကိုကြားလိုက်တာနဲ့ အိမ်တော်ထိန်းက ချက်ချင်းပဲ ခြံဝင်းထဲမှာ ယောကျာ်းတွေအားလုံးကို စုဝေးခိုင်းပြီး စနစ်တကျတန်းစီခိုင်းတယ်။ ပိုင်ရန်သူတို့အားလုံးကို သာမာန်ကာလျှံကာတစ်ချက်ကြည့်လိုက်တော့ : တစ်ဒါဇင်လောက်တော့ရှိမယ်။

ရုတ်တရက်ကြီး ဆင့်ခေါ်ခံလိုက်ရတော့ တစ်ယောက်မှ ဘာတွေဖြစ်နေတာလဲဆိုတာကို နားမလည်ကြဘူး။ သူတို့တွေ မသက်မသာနဲ့အချင်းချင်းကြည့်နေကြကာ ပိုင်ရန်ဘာကြောင့်ခေါ်တာလဲဆိုတာကို အဖြေရှာနေကြတယ်။ လူတိုင်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတယ်။ အဆုံးမှာ တစ်ယောက်မှ အဖြေမရှာနိုင်ကြဘူး။

ပိုင်ရန်က အနက်ရောင်ပေါ်မှာ ရွှေကြိုးလေးတွေနဲ့ဆင်ယင်ထားတဲ့ ဝတ်ရုံကိုဝတ်ပြီး ရှေ့ထွက်လာတယ်။ သူ့ရဲ့ဝတ်ရုံနဲ့ လျော့ရဲရဲစည်းထားတဲ့ဆံခွေက သူ့ရဲ့ဖြူဖျော့နေတဲ့အသားအရည်နဲ့ လိုက်ဖက်နေတယ်။ ခံစားချက်မဲ့တဲ့မျက်လုံးတွေကလည်း သူ့ရှေ့ကမြင်ကွင်းကို ကြည့်နေတယ်။ လူတိုင်းခါးမတ်ကာ အချင်းချင်းတွတ်ထိုးမနေရဲတော့ဘူး။

လေထုက ခဏချင်းမှာ ပြင်းထန်လာတယ်။

ပိုင်ရန်သူတို့နားကို ဖြေးဖြေးချင်းလျှောက်သွားပြီး ဘာမှမပြောဘူး။ နောက်ဆုံး အရပ်ရှည်ရှည်၊ ပိန်သွယ်ပြီး ခန့်ညားတဲ့ယောကျာ်းတစ်ယောက်ရှေ့မှာရပ်သွားတယ် "မင်း... ရှေ့တိုးခဲ့"

ထိုလူက တစ်ယောက်တည်းထွက်လာခိုင်းတာကို ပျော်ရမှာလား ကြောက်ရမှာလားတောင် မသိတော့ဘူး။ သူ့တစ်ကိုယ်လုံးတုန်ရီလို့နေတယ်။

ပိုင်ရန်က သူ့ကိုကြည့်မနေဘူး။ သူယောကျာ်းအုပ်ကြီးထဲ ဆက်လျှောက်သွားတယ်။

ကျန်တဲ့သူတွေကလည်း တိတ်ဆိတ်ပြီး မတ်မတ်ရပ်နေကြကာ ပိုင်ရန့်အမိန့်ကို စောင့်နေတယ်။

ပိုင်ရန် ချောမောပြီး တောင့်တောင့်ဖြောင့်ဖြောင့်ယောကျာ်းငါးယောက် ရွေးလိုက်တယ်။

"ဒီညနေခင်းကစပြီး မင်းတို့ငါးယောက် တစ်လှည့်စီ ငါ့အခန်းထဲလာကြ" ပိုင်ရန် အကျီလက်စကိုခါပြီး ထွက်သွားတယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now