အပိုင်း-၄.၁ (Zawgyi + Unicode)

20.1K 3.3K 77
                                    


{Zawgyi}

ပိုင်​ရန်​အ​တော်​​လေးစိတ်​ဓာတ်​ကျ​နေပြီ။

သူငယ်​ငယ်​​လေးတည်းက အရမ်းပျက်​စီးခဲ့တာ။ သူ့မိသားစုကသူ့ကို ​ဒေါသထွက်​တိုင်း သူ​တောင်းပန်​ပြီးအသနားခံလိုက်​တာနဲ့ အပြစ်​ကကင်းလွတ်​စမြဲပဲ။ ခု​တော့ ဒုက္ခ​ရောက်​ပြီ၊ သူ​အော်​တို နတ်​ဆိုးဘုရင်​ကိုစပြီး​တောင်းပန်​​တော့တယ်​ "အရှင်​၊ ​ကျေးဇူးပြုပြီး ​ကျေးဇူးပြုပြီး ​ဘောင်းဘီ​တော့မချွတ်​ခိုင်းပါနဲ့..."

သူ​မော့လိုက်​ကာ သူ့ရဲ့ကြည်​​တောက်​​နေတဲ့မျက်​ဝန်းနဲ့နတ်​ဆိုးဘုရင်​ကို တည့်​တည့်​ကြည့်​​နေပြီး နီနီရဲရဲနှုတ်​ခမ်း​လေးက အသာ​လေးဟ​နေတယ်​။ ပိုင်​ရန်​ကိုယ်​တိုင်​​တောင်​ သူ့အသံက ​မွေးကင်းစသမင်​​ပေါက်​​လေးတစ်​​ကောင်​လို အရမ်းနူးညံ့​ပျော့​ပြောင်း​နေတယ်​ဆိုတာ သတိမထားလိုက်​မိဘူး။

ခေတ်​သစ်​လူ့အဖွဲ့အစည်းမှာတုန်းကဆို သူ့ဒီလို​​တောင်းပန်​ရင်​ လူအများစုရဲ့မိခင်​စိတ်​ကိုနိုးကြားသွား​စေပြီး ချက်​ချင်းအပြစ်​ကလွတ်​​မြောက်​​လေ့ရှိတယ်​။ သို့​ပေမယ့်​လည်း သူ့​ရှေ့မှာရပ်​​နေတဲ့သူကြီးက နတ်​ဆိုးဘုရင်​ယုံးယဲ့၊ နတ်​ဆိုးနယ်​​မြေရဲ့အုပ်​စိုးသူအရှင်​။ သူ့နှလုံးသားက ​အေးစက်​ပြီးခက်​ထန်​တာ​ကြောင့်​ ဒီလိုအလွယ်​တကူစိတ်​မ​ပျော့သွားဘူး။နတ်​ဆိုးဘုရင်​က ပြုံးရင်းနဲ့စကားလုံးအနည်းငယ်​​ပြောလိုက်​တယ်​ "ချွတ်​လိုက်​.."

ပိုင်​ရန်​ရင်​ထဲမှာ တိတ်​တိတ်​​လေးနာကျင်​​နေ​​လေပြီ။ ​ဖြေး​ဖြေးချင်း ခါးပတ်​ကိုဖြည်​ပြီး ခါးသီးတဲ့မျက်​နှာနဲ့ ​ဘောင်းဘီကို​ပေါင်​က​နေ ​နည်းနည်းချင်းဆွဲချ​နေတယ်​။ ဒါ​ပေမယ့်​ သူကဒူး​ထောက်​ထားတာ​ကြောင့်​ ဒူး​အောက်​ထိမဆွဲချနိုင်​သလို မတ်​တပ်​လည်းမရပ်​ရဲဘူး။ အဖြူ​ရောင်​​ဘောင်းဘီက ဒူးနားမှာတစ်​​နေပြီး ​အောက်​ထိဆွဲချရမှာ... ဒီမြင်​ကွင်းက ကြည့်​ရတာ​တော်​​တော်​​လေး ကသိက​အောက်​နဲ့အဆင်​မ​ပြေဘူး။

တောင်​​ပေါ်မှာ ​လေကအနည်းငယ်​ပြင်းပြီး ခုသူ့တစ်​ကိုယ်​လုံး​လေတိုက်​ခံ​နေရတယ်​။ ​​လေ​အေး​တွေတိုက်​​နေတာ​ကြောင့်​ ပိုင်​ရန်​အနည်းငယ်​တုန်​ရီ​နေပြီး ကြက်​သီး​တွေလည်း​ထ​နေပြီ။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now