အပိုင်း-၂၂ (Zawgyi + Unicode)

14.3K 2.6K 420
                                    

{Zawgyi}

“ဘာဖြစ်တယ်? နတ်ဆိုးဘုရင်ကြီးလာသွားတယ်? ဘယ်လိုဖြစ်လို့ငါ သတိမထားမိလိုက်ရတာလဲ?” တရားကျင့်ကြံတာက တကယ်ပဲအိပ်မောကျတဲ့အခြေအနေထိတောင် ရောက်နိုင်လို့လား? အဲ့လိုတော့ မဟုတ်သေးပါဘူး။ တရားကျင့်ကြံနေတယ်ဆိုရင်တောင်မှ အာရုံငါးပါးကအလုပ်လုပ်နေသေးတာကို။ သူဘယ်လိုလုပ် အာရုံတက်တဲ့အထိအိပ်ပျော်သွားပြှီး တစ်ယောက်ယောက်လာတာတောင်မှ သတိမထားမိဖြစ်သွားရတာလဲ?

“သခင်၊ နတ်ဆိုးဘုရင်ကြီးက သူကုပေးနေတုန်း သခင့်ရဲ့အာရုံငါးပါးကို ပိတ်ထားလိုက်တာ၊ ရေပူစမ်းပတ်လည်မှာတောင် စည်းချထားလိုက်သေးတယ်” ရှောင်လင်းက ပြန်ပြောပြနေတယ်။

ပိုင်ရန်နောက်ဆုံးတော့ နားလည်သွားပြီ။ သူနေ့အချိန်ရောက်တာတောင်မနိုးလာတာ မထူးဆန်းတော့ပါဘူးလေ!

အမ်? အဲ့တော့နတ်ဆိုးဘုရင်ကြီးက ငါ့ကိုကိုယ်လုံးတီးကြီးနဲ့မြင်သွားတာပေါ့?

ပိုင်ရန် မကျေမနပ်ဖြစ်သွားတယ်။

ပြန်တွေးကြည့်မယ်ဆိုရင် ဒါကပထမဆုံးအကြိမ်လည်း မဟုတ်တော့ဘူး။ ပြီးတော့ နှစ်ယောက်လုံးကလည်း ယောကျာ်းလေးတွေဆိုတော့ကာ သိပ်ကိစ္စမရှိပါဘူးလေ။

ပိုင်ရန်မကျေမနပ်ဖြစ်နေတာတွေ မြန်မြန်ပဲ မေ့လျော့သွားတယ်။

သူတရားလွန်အိပ်ပျော်သွားမိတာကြောင့် သူ့ကိုယ်က အရင်ကထက်ပိုကောင်းလာတာကို ခံစားမိတယ်။

ပိုင်ရန် အဲ့တာကိုတော့ ခုထိမယုံနိုင်သေးဘူး။ နတ်ဆိုးဘုရင်ကြီးက တကယ်ပဲသူ့ကိုကုသပေးခဲ့တယ်?

“ရှောင်လင်း မင်းမြင်လိုက်တာသေချာလို့လား?”

“ဒါပေါ့ သေချာကိုတွေ့လိုက်တာ၊ နတ်ဆိုးဘုရင်ကြီးက သခင့်ကိုတကယ်ကုပေးနေတာ” ရှောင်လင်းလေသံက လုံးဝသေချာနေတဲ့ပုံပေါ်တယ်။

“မဖြစ်နိုင်လိုက်တာ၊ ငါကသူ့အတွက် ကျောက်စိမ်းတိမ်လွှာပုလဲကို မယူလာနိုင်ခဲ့ဘူး၊ တိမ်လွှာပျံဝဲဂိုဏ်းမှာလည်း ပြဿနာတွေရှာလာခဲ့သေးတယ် ပြီးတော့ နတ်ဆိုးတွေထွက်လာပြီဆိုတာကိုလည်း ကြိုသတင်းပေးသလိုတောင် ဖြစ်ခဲ့သေးတဲ့ဟာကို… ထူးဆန်းတာက သူငါ့ကိုမမုန်းသွားတာပဲ၊ ပြီးတော့ ဘာလို့ငါ့ကိုကုပေးရသေးတာလဲ?” ပိုင်ရန်ဘယ်လိုမှ အဖြေရှာမရဘူး။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now