အပိုင်း - ၁၀၁

6.4K 1.3K 33
                                    


{Zawgyi}

ထိုစက်ရုပ်သံကို ကြားလိုက်ရပြီးတဲ့နောက်မှာ နှစ်ယောက်စလုံး အံ့အားသင့်သွားတယ်။

ကျိုးရင်က သူ့လက်ထဲမှာရှိတဲ့ တတီတီနဲ့ခြေရာခံစက်ကို အလိုလိုကြည့်မိသွားတယ်။ တစ်ဖက်မှာ ပိုင်ရန်ကတော့ သတိကပ်နေပြီ။

သူ့စိတ်ထဲမှာ ရှောင်လင်းအသံ ထွက်ပေါ်လာတယ် "သခင်၊ ကြီးမြတ်လှတဲ့နတ်ဆိုးဘုရင်ကြီးက မရောက်လာသေးဘူး၊ ဇာတ်လိုက်က ခုချိန် အထက်ကိုတက်သွားလို့ မဖြစ်ဘူး၊ သူသာ တက်သွားခဲ့ရင် နတ်ဆိုးဘုရင်ကြီးရဲ့dataကို ဆုတ်ကိုင်ဖို့ အချိန်ရှိမှာ မဟုတ်တော့ဘူး"

ကျိုးရင်က စူးစမ်းကြည့်ဖို့အတွက် ခြေရာခံစက်ကို မြှောက်လိုက်ကာ ပိုင်ရန့်ကို မေးလာတယ် "ဒါက ဘာလဲ?"

"စိတ်ထဲ ထားမနေနဲ့" ပိုင်ရန်က ခြေရာခံစက်ကို ဆွဲယူပြီး ဝေးဝေးမှာ ထားလိုက်တယ်။

ကျိုးရင်အတွက် ဒီပစ္စည်းက တော်တော်လေးကို မလိုအပ်တာ။

"ကျိုးရင်၊ ငါ့ဘက်က ဘယ်လိုတောင်းဆိုမှုကိုမဆို ဖြည့်ဆည်းပေးမယ်လို့ မင်းတစ်ခါက ပြောခဲ့ဖူးတယ် မဟုတ်လား?" ပိုင်ရန်က ကျိုးရင်ကို တည့်တိုးစိုက်ကြည့်ပြီး အားတက်သရော မေးလိုက်တယ်။

"ပါး ဘာတောင်းဆိုမှု ရှိလို့လဲ?" ကျိုးရင် အတော့်ကိုစိတ်ရှုပ်နေတယ်။

"ငါ့ကိုသာ အရင်ကတိပေးစမ်းပါ" ပိုင်ရန် စိုးရိမ်တကြီးနဲ့ သူ့ကို အာမခံပေးစေချင်နေတယ်။

ကျိုးရင်က ဒါကို တွေးကြည့်ပြီး ပြောလိုက်တယ် "ကျွန်တော် ဖြည့်ဆည်းပေးနိုင်တာဆိုသရွေ့ ကျွန်တော် ကတိပေးပါတယ်"

'ငါလည်း ဒါကိုကြားရဖို့ စောင့်နေတာ!'

ပိုင်ရန် နှုတ်ခမ်းသပ်ပြီး အလေးအနက်ပြောလိုက်တယ် "မင်း ငါ့ကို သတ်နိုင်မယ်လို့ မျှော်လင့်တယ်"

ကျိုးရင် "..."

သူက ခပ်ပါးပါးမျက်ခုံးတွေကို တွန့်ချိုးကာ စိတ်ရှုပ်ထွေးသလိုအကြည့်မျိုး မျက်နှာပေါ်မှာ ပေါ်လာတယ် "ပါး ခုလေးတင် ဘာပြောလိုက်တယ်?"

ပိုင်ရန်က သူ လေးနက်စွာ ပြောခဲ့တာကို ထပ်ပြောပြလိုက်တယ် "မင်း ငါ့ကို သတ်နိုင်မယ်လို့ မျှော်လင့်တယ်"

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now