အပိုင်း - ၉၉

7K 1.5K 75
                                    

{Zawgyi}

လူတိုင်း အံ့အားသင့်နေတုန်းမှာ ပိုင်ရန်ကလည်း အံ့ဩလွန်းလို့ စကားမပြောနိုင်ဖြစ်နေရတယ်။

လူတိုင်းကို ကျေနပ်စေဖို့အတွက် နတ်ဆိုးဘုရင်ကြီးက ပိုင်ရန့်ကို သုံးချက်ရိုက်မယ်ဆိုပြီး အဆိုပြုခဲ့တယ်။ သူတို့တစ်ဝိုက်မှာရှိတဲ့လူတိုင်းကလည်း အသံတိတ် သဘောတူလိုက်ကြတယ်။ တကယ်တော့ နတ်ဆိုးဘုရင်ကြီး တစ်ချက်လှုပ်လိုက်တာနဲ့ ရိုက်ချက်သုံးချက်လုံးအထိ အသက်ရှင်နိုင်မယ့်သူ တစ်ယောက်မှမရှိဘူး။ သစ္စာဖောက် ရှဲ့ဇီထျန်းသာဆိုရင် နတ်ဆိုးဘုရင်ကြီးဆီက ရိုက်ချက်သုံးချက်ရလို့ မသေဘူးဆိုရင်တောင်မှ မချိမဆန့်ဖြစ်သွားအုံးမှာပဲ။ ထို့ကြောင့် ဒီတစ်ခေါက်တော့ သေချာပေါက် ရှဲ့ဇီထျန်း သေလိမ့်မယ်လို့ လူတိုင်းထင်ခဲ့ကြတယ်။

သို့ပေမယ့် ဒီလောက်ကြောက်စရာကောင်းတဲ့ ရိုက်ချက်ကို ရလိုက်ပြီးတဲ့နောက်မှာတောင် ရှဲ့ဇီထျန်းက မျှော်လင့်ထားသလိုမဟုတ်ဘဲ အဆင်ပြေနေလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားကြဘူး။

အံ့ဩဖို့ကောင်းလိုက်တာ!

အရင်ဆုံး တုံ့ပြန်လာသူက ပိုင်ရန်ဖြစ်တယ်။ ခုလေးတင် နတ်ဆိုးဘုရင်ကြီး တိုက်ခိုက်လာချိန်မှာ တောင်ပင်လယ်ရေသူမပုလဲက ရုတ်တရက် အဖြူရောင်အလင်းတစ်ခု ထုတ်လွှတ်လာတယ်။ ထိုအရာက ကာကွယ်ရေးအရံအတားတစ်ခုလိုဖြစ်သွားပြီး သူ့ကို တင်းကျပ်စွာ ရစ်နှောင်သွားတယ်။

နတ်ဆိုးဘုရင်ကြီးက သူ့ကို တောင်ပင်လယ်ရေသူမပုလဲကို ပေးတဲ့အချိန်တုန်းက ပုလဲအထဲမှာ သူ့ရဲ့ကိုယ်ပိုင်အရံအတားကို ထည့်ပေးထားတယ်ဆိုတာ ပြောခဲ့တဲ့အကြောင်း သူ မှတ်မိသွားတယ်။ အရံအတားက သူ့ရဲ့အင်အားအပြည့်ရိုက်ချက် သုံးချက်ကို တောင့်ခံနိုင်တယ်လို့ ပြောခဲ့ဖူးတယ်။

ဒီအတိုင်းဆို နတ်ဆိုးဘုရင်ကြီးက ရိုက်ချက်သုံးချက် ခံယူရမယ်လို့ အဆိုပြုခဲ့တာက တကယ်တမ်း သူ့ကို သွားခွင့်ပြုလိုက်တာပဲ။ ဒါက ပိုင်ရန့်ကို တမင်သက်သက် သွားခွင့်ပြုလိုက်တာ။

ပိုင်ရန် မွန်းကျပ်လာသလို ခံစားလိုက်ရတယ်။ နတ်ဆိုးဘုရင်ကြီးက သူ့ကိုနာကျင်အောင်လုပ်ဖို့ ဘယ်တုန်းကမှ မကြံစည်ခဲ့ဘူး။ ကျိုးရင်က ထာဝရအမှောင်ထုနန်းတော်ကြီးကို ဖျက်ဆီးလိုက်တာတောင်မှ နတ်ဆိုးဘုရင်ကြီးက သူတတ်နိုင်သမျှ အရာအားလုံးနဲ့ သူ့ကို ကာကွယ်ပေးနေတယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now