အပိုင်း-၁၄ (Zawgyi + Unicode)

15.6K 2.5K 50
                                    


{Zawgyi}

"ကောင်းတယ်၊ သိပ်ကောင်းတယ်" နတ်ဆိုးဘုရင်ကြီးက ကျေနပ်သွားပုံရတယ်။ သူ့ပုလ္လင်ဆီကို ပြန်လျှောက်သွားတယ်။

ပိုင်ရန်ခဏလောက်တုံ့ဆိုင်းနေပြီး မနေနိုင်တော့လို့မေးလိုက်တယ် "အရှင်၊ လော့ကျန်းဖန်းကိုယ်တိုင် တံလျပ်ထဲဝင်ပြီး လူနှစ်ရာကျော်ကိုသတ်ခဲ့တယ်... ကျွန်တော်တို့ သဲလွန်စတွေအကုန်ရှင်းခဲ့တယ်ဆိုပေမယ့် ပွဲကျင်းပသူတွေက အရူးမှမဟုတ်တာ၊ သူတို့တွေ ကျွန်တော်တို့ကိုဖော်ထုတ်နိုင်ကုန်လိမ့်မယ်... သူတို့သိသွားတာနဲ့ လူသားနယ်မြေကိုဝင်ဖို့ဆိုတာ အရမ်းခက်ခဲသွားနိုင်တယ်"

ပိုင်ရန်ဒီလိုပြောတယ်ဆိုတာက လော့ကျန်းဖန်းလူနှစ်ရာကျော်ကို သတ်လိုက်တယ်ဆိုတာက အရမ်းရက်စက်လွန်းတယ်လို့ခံစားရလို့ဖြစ်တယ်၊ ဒါပေမယ့် ဒီစကားတွေသူ့ပါးစပ်ကထွက်ပြီးနောက်မှာ သူနောင်တရမိတယ်။ ဒါကြီးကလော့ကျန်းဖန်းကို အတိအကျဝေဖန်နေတဲ့သဘောကြီး။ လော့ကျန်းဖန်းက သူ့ရန်သူမဟုတ်တာတောင် လော့ကျန်းဖန်းကိုဝေဖန်ပြီး ရှဲ့ဇီထျန်းအတွက် လော့ကျန်းဖန်းက အသုံးမကျတဲ့သူလို ဝေဖန်နေတာ။ တကယ်လို့ သူဒီကမ္ဘာမှာရှိတဲ့သူတွေအကုန်လုံးကို သတ်ပစ်ရင်တောင် ရှဲ့ဇီထျန်းနဲ့ဘာမှမဆိုင်ဘူး။

သူ့စကားလုံးတွေက ရှဲ့ဇီထျန်းရဲ့ဇာတ်ကောင်နဲ့ လုံးဝဆန့်ကျင်နေတယ်။ ဒါပေမယ့် ထူးဆန်းတာက ဒါကြောင့် သူလျှပ်စီးစီးတာမခံရသေးဘူး။

"ရှောင်လင်း၊ ဘာဖြစ်တာလဲ? ငါဘာလို့လျှပ်စီးစီးတာ မခံရသေးတာလဲ?"

ရှောင်လင်းကပြောတယ်.. "သခင်၊ ဘာလို့ဆို ရှဲ့ဇီထျန်းကအလွယ်တကူ မနာလိုဖြစ်တတ်တယ်... မကြာခဏဆိုသလို တခြားသူတွေကို ပုတ်ခတ်ပြောဆိုလေ့ရှိတယ် ဒါကြောင့် လော့ကျန်းဖန်းရဲ့နောက်ကွယ်မှာ မကောင်းပြောတာက ရှဲ့ဇီထျန်းရဲ့ဇာတ်ကောင်settingကို ဘာမှထိခိုက်မှုမရှိဘူး"

ပိုင်ရန်: "..."

သူဘယ်လိုတုန့်ပြန်ပြီးပြောရမှန်းတောင် မသိတော့ဘူး။

"လော့ကျန်းဖန်းရဲ့လှုပ်ရှားမှုမှာ ဘာပြဿနာမှမရှိဘူး၊ ကိုယ်တော့်ရဲ့ရည်ရွယ်ချက်က နတ်ဆိုးနယ်မြေနဲ့လူသားနယ်မြေကို ပေါင်းစည်းဖို့၊ လူသားနယ်မြေကို ဖောက်နိုင်ဖို့ဆိုရင် သူတို့အားနည်းသွားအောင်လုပ်ရမယ်၊ သူတို့ရဲ့ကြိုးစားပမ်းစားရထားတဲ့တပည့်တွေကို သတ်ပစ်လိုက်တာကလည်း နည်းလမ်းကောင်းတာပဲ"

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now