အပိုင်း - ၄၄.၂ (Zawgyi + Unicode)

13K 2.1K 634
                                    


{Zawgyi}

နတ်ဆိုးနယ်မြေက ယဇ်ပလ္လင်ကိုပြန်ရောက်လာတဲ့အချိန်မှာတော့ ကောင်းကင်ကြီးတောင်မှောင်မဲနေပြီဆိုတာ ပိုင်ရန်သတိထားလိုက်မိတယ်။ နတ်ဆိုးနယ်မြေက ကောင်းကင်ယံဟာအချိန်တိုင်း တိမ်တွေထူနေလေ့ရှိတယ်။ အတောက်ပဆုံးဆိုတဲ့မွန်းတည့်ချိန်မှာတောင် နေမင်းကြီးကို မီးခိုးရောင်တိမ်တွေကဖုံးလွှမ်းထားတတ်တယ်။ အဲ့တာကြောင့် လေထုကြီးက ပျင်းရိစရာကောင်းပြီး နေရထိုင်ရခက်တဲ့အနေအထားကြီးကို ဖန်တီးထားသလိုဖြစ်နေတယ်။

ပတ်ပတ်လည်မှာရှိတဲ့မြင့်မားတဲ့တောင်တန်းတွေမှစလို့ တသွင်သွင်စီးဆင်းနေသောစမ်းချောင်းတွေကအဆုံးအရာအားလုံးကို ပါးလွှာတဲ့အတားအဆီးတစ်ခုနဲ့ ဖုံးလွှမ်းထားတယ်။ တချို့သောနေရာတွေမှာ အတားအဆီးတွေက အတော်လေးထူတယ်။ အတွင်းပိုင်းဝင်လိုက်ရင် ဘဝတွေတောင်ပျောက်ကွယ်သွားမလား ထင်ရတယ်။ လူသားတွေရော တောကောင်ကြီးတွေပါ ဘာမှမမြင်နိုင်ဘူး။

လူသားနယ်မြေနဲ့ယှဉ်ရင် ဒီတိတ်ဆိတ်ခြောက်ကပ်တဲ့နေရာကြီးက နေထိုင်ဖို့ခက်ခဲလှတယ်။

သူဆိုရင်တော့ ပိုင်ရန်လူသားနယ်မြေကိုမှာနေဖို့ပဲ ရွေးခြယ်မိမှာ။ အဲ့မှာဆို ရာသီဥတုလေးမျိုးရှိပြီး ပန်းလေးတွေ၊ သစ်ပင်လေးတွေ၊ ငှက်ကလေးတွေနဲ့ ပိုးကောင်လေးတွေတောင် ရှသေးတယ်။ အရောင်အသွေးစုံလင်လှပြီး ယဉ်ကျေးမှုလည်း မြင့်မားတယ်။

ဒါတွေကြောင့်လည်း နတ်ဆိုးမျိုးနွယ်တွေက လူသားနယ်မြေကိုတောင့်တနေကြတာဖြစ်တယ်။

အခုလိုမဖြစ်ထွန်းတဲ့နယ်မြေမှာ မရေမတွက်နိုင်လောက်အောင်ရှိတဲ့ အားနည်းတဲ့နတ်ဆိုးလေးတွေ ရှင်သန်နိုင်ဖို့ရုန်းကန်နေရတာကို မြင်တော့ ပိုင်ရန့်မှာအတွေးတစ်ခုဖြစ်လာတယ်။ ‘တကယ်လို့ငါသာ နတ်ဆိုးနယ်မြေကအရှင်ဖြစ်ခဲ့ရင်လည်း ငါ့လူတွေအဲ့မှာနေထိုင်လို့ရအောင် လူသားနယ်မြေကို သွားတိုက်မိမှာပဲ’

ပိုင်ရန်အတွေးတွေကို စွန့်ပစ်လိုက်တယ်။ ‘ဘာတွေလျှောက်တွေးနေတာလဲ? ဒါကဒီတိုင်း ပုံရိပ်ယောင်ကမ္ဘာကြီးပဲဟာကို… နာကျင်တာတွေနဲ့ ပျော်ရွှင်တာတွေအားလုံးကလည်း အတုယောင်တွေချည်းပဲ… အခုငါလုပ်နေတာတွေအားလုံးကလည်း အတွေ့အကြုံကိုပြီးဆုံးအောင်ယူပြီး တကယ့်အစစ်အမှန်ဘဝကို ပြန်နိုင်ဖို့ပဲလေ၊ ငါ့မှာနတ်ဆိုးနယ်မြေထက်ပိုပြီး စိုးရိမ်သင့်တာတွေရှိသေးတယ်”

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now