အပိုင်း- ၂၆ (Zawgyi + Unicode)

13.1K 2.2K 24
                                    

{Zawgyi}

ညသန်းခေါင်ကြီးမှာ ပုံမှန်ဆိုရင်လူတွေကအိပ်နေတာဖြစ်ဖြစ် အဲ့လိုမှမဟုတ်ရင် တရားကျင့်နေတာဖြစ်ဖြစ်လုပ်ကြတယ်။ တောင်ရဲ့နောက်ဘက်ဂိတ်တံခါးကိုဖွင့်လိုက်တာတောင် အချက်ပေးတာတွေမရှိတာကြောင့် ပိုင်ရန်နဲ့သူ့လူတွေကမြန်မြန်ဆန်ဆန်ပဲ တိမ်နက်ဂိတ်ပေါက်ကနေ၀င်လာနိုင်ခဲ့ကြတယ်။

ထိုကနေမှ ပိုင်ရန်အကြီးအကဲချိုးချန်ထားခဲ့တဲ့ မြောက်ဘက်ကိုဦးတည်နေတဲ့အမှတ်အသားနောက်ကိုလိုက်တယ်။ တိမ်နက်ဂိုဏ်းရဲ့မြေပုံကိုကြည့်ပြီးဖြစ်လို့ သူတို့ဦးတည်နေတဲ့မြောက်ဘက်က အပြင်လူတွေကိုဝင်ရောက်ခွင့်မပေးထားတဲ့ ဂိုဏ်းရဲ့တားမြစ်နယ်မြေဆိုတာကို သိနေတယ်။

နယ်မြေတိုင်က အဲ့မှာရှိနေတာဖြစ်ရမယ်။

ပိုင်ရန်တားမြစ်နယ်မြေကို ချိုးဖျက်ဖို့လူတွေခေါ်လာရတယ်ဆိုတာက ထိုနယ်မြေမှာအစီအရင်တွေနဲ့ထားထားတာတွေလည်း ရှိတာကြောင့်ဖြစ်တယ်။ တစ်ယောက်ယောက်ဆိုရင်တော့ အစီအရင်ကိုဖြတ်နိုင်မှာမဟုတ်ဘူး။ သို့သော်လည်း ရောက်လာတဲ့သူကရှဲ့ဇီထျန်း၊ နတ်ဆိုးစစ်သည်လေးယောက်ထဲက တစ်ယောက်သောသူ။ သူကအစီအရင်တွေကို သိနေရုံတင်မကဘူး၊ ပိုဆိုးတာက သူကသန်မာလွန်းတာကြောင့် အစီအရင်ကို အင်အားသုံးပြီးတောင် ဖျက်စီးနိုင်စွမ်းရှိသေးတယ်။

ဒါကြောင့် လူအုပ်စုကြီးက တားမြစ်နယ်မြေထဲကို ချောချောမွေ့မွေ့ဝင်ရောက်နိုင်ခဲ့ကြတယ်။

သို့သော်လည်း တားမြစ်နယ်မြေဆိုတာကလည်း တားမြစ်နယ်မြေဆိုတဲ့အလျောက်ပါပဲ။ အတင်းအကြပ်လုပ်တာတွေက ဆူဆူညံညံဖြစ်စေပြီး ဂိုဏ်းကိုအချက်ပေးလိုက်သလိုဖြစ်စေနိုင်တယ်။

ပိုင်ရန်ဝင်သွားတော့ တားမြစ်နယ်မြေတစ်ခုလုံးက အုတ်ဂူတွေနဲ့ပဲပြည့်နေတယ်ဆိုတာ တွေ့လိုက်ရတယ်။ ဒါတွေက ဂိုဏ်းခေါင်းဆောင်တွေ ဒါမှမဟုတ် အကြီးအကဲတွေရဲ့သချိုင်္င်းတွေပဲဖြစ်ရမယ်။ တကယ်လို့ဘာမှမသိတဲ့သူတစ်ယောက်သာ ၀င်လာခဲ့ရင်၊ သူတို့က တားမြစ်နယ်မြေက အကြီးအကဲတွေရဲ့ကျောက်တိုင်တွေနဲ့ပဲပြည့်နေတဲ့နေရာတစ်ခုပဲ ဆိုတာကလွဲပြီးအများကြီးဆက်တွေးကြမှာမဟုတ်ဘူး။ သူတို့ဒီတိုင်းသာလှည့်ပြီး ထွက်သွားမှာဖြစ်တယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now