အပိုင်း - ၁၀၃

8.2K 1.4K 66
                                    

{Zawgyi}

ကျီယွမ်ပေါက်စလေးက ဒီနှစ်မှာ အသက်ခြောက်နှစ်ရှိပြီဖြစ်ကာ လူတိုင်း သူ့ကိုချစ်ကြတယ်။ သူ့နာနီက အမြဲတစေ လေလုံးထွားကာ သူက ကမ္ဘာပေါ်မှာ ရုပ်အဖြောင့်ဆုံးကလေးလေးဆိုပြီး ပြောလေ့ရှိတယ်။ ဒါ့အပြင် အိမ်နီးချင်းရဲ့ကလေးကလည်း သူက ကြည့်ကောင်းတယ်လို့ ပြောခဲ့တယ်။ ဘေဘီကျီတွေးလိုက်တယ် : 'လူတိုင်းက ငါ့ကို ကြည့်ကောင်းတယ်လို့ ထင်နေကြတာဆိုတော့ ငါက ကြည့်ကောင်းနေလို့ပဲဖြစ်ရမယ်!'

ဘေဘီကျီလေးက မှန်ကိုကြည့်လိုက်တော့ သူ့ရဲ့ကိုယ်ပိုင်ပုံပန်းသွင်ပြင်ကြောင့် တုန်လှုပ်သွားရတယ်။ သူ တွေးလိုက်တယ် : 'ငါက တကယ်ကြီး ကြည့်ကောင်းနေတာပဲ'

ရလဒ်ကတော့ ဘေဘီကျီရဲ့ ငါစွဲဝါဒက သဘာဝကျစွာ ကြီးထွားလာခဲ့တယ်။ သူက ကြည့်ကောင်းတဲ့ကလေးတွေနဲ့သာ ဆော့ကစားပြီး ရုပ်ဆိုးဆိုးကလေးတွေနဲ့ မတူညီတဲ့လမ်းကြောင်းကနေသာ လျှောက်ခဲ့တယ်။

တစ်နေ့မှာ သူ့မာမားက ဘေဘီကျီကို အမျိုးသမီးတွေသာရှိတဲ့ ပါတီပွဲတစ်ခုကို ခေါ်သွားခဲ့တယ်။ သူတို့တွေက ဘေဘီကျီကို တွေ့လိုက်တယ်ဆိုတာနဲ့ တအံ့တဩ အော်ကုန်ကြတယ် "ချစ်ဖို့ကောင်းလိုက်တာ!"

ဘေဘီကျီလေးက သူ့နှာခေါင်းလေးကို မြင့်သထက်မြင့်အောင် မော့ထားလိုက်တယ်။ စိတ်ထဲမှာတော့ သူ့ဟာသူ ကျေနပ်အားရနေခဲ့တယ်။

ထိုနေရာမှာ ကလေးငယ်တချို့လည်း ရှိတယ်။ တစ်ယောက်ချင်းစီက အဆင့်အတန်းမြင့်မားပြီး အထူးကောင်းမွန်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားကြတယ်။ ဘေဘီကျီလေးက သူ့ရဲ့လက်မောင်းသေးသေးလေးကို ပိုက်ကာ ဘေးတစ်ဖက်မှာ ရပ်နေပြီး တခြားကလေးတွေ သူ့ကို စကားလာပြောမှာကိုစောင့်နေလိုက်တယ်... သူက အရင်ဆုံး စကားစပြောရတဲ့သူ မလုပ်ချင်ပါဘူးနော် ဟမ့်!

သို့ပေမယ့် သူက နေရာကောင်းမဟုတ်တဲ့နေရာတစ်ခုမှာ ရပ်နေမိမှန်း သတိမထားမိခဲ့ဘူး။ သူ့မှာ လက်တံခြေတံတိုတိုလေးတွေပဲရှိတာကြောင့် သူ့ပုံရိပ်လေးက ထိုင်ခုံအရှည်ကြီးတစ်ခုနောက်မှာ ကွယ်နေတယ်။ ဒီလိုနဲ့တင် မိနစ်နှစ်ဆယ်လောက် ကြာသွားတာတောင်မှ ဘေဘီကျီလေးကို တစ်ယောက်မှ မမြင်ကြဘူး။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now