အပိုင်း - ၄၉ (Zawgyi + Unicode)

14.2K 2.2K 133
                                    


{Zawgyi}

ကွင်းပြင်မှာ လူတစ်ရာလောက်ပဲစုဝေးနေကြပြီး ပိုင်ရန်ရှေ့ထွက်ကာ သူတို့ကိုမာန်မဲလိုက်တယ်။

“နားထောင်ကြ မင်းတို့အားလုံး၊ အခုကစပြီး ငါကအစောင့်ခေါင်းဆောင်ဖြစ်သွားပြီ… ကျောင်ရှို့ကမင်းတို့ရဲ့ ခေါင်းဆောင်ဖြစ်ခဲ့တာ မင်းတို့ထဲကတချို့က အဲ့တာကိုမကျေနပ်မှန်းငါသိတယ်၊ ဒါပေမယ့် ကိစ္စတော့မရှိဘူး… အခုသူထွက်သွားပြီး ငါကအရာရှိအသစ်ဖြစ်လာပြီ အဲ့တာကြောင့် မင်းတို့တွေ ငါ့အမိန့်ကိုနာခံရမယ် နားလည်လား?”

လူတိုင်းက “နားလည်ပါပြီ”ဆိုပြီး တညီတညွတ်တည်း တုန့်ပြန်ကြတယ်။

ဘယ်လို?

တစ်ယောက်မှမငြင်းဘူး? တကယ်ကြီးလား?

သူ့မှာတော့ မောက်မာပြီး ထောင်လွှားကြွားဝါတဲ့ပုံလုပ်လိုက်ရတာ ဒါပေမယ့်အစောင့်တွေကတော့ တစ်ခွန်းတည်းပြန်ဖြေတယ် “နားလည်ပါပြီ”တဲ့

ပိုင်ရန်နောက်တစ်ခါ စိတ်ပျက်သွားရပြန်တယ်။

ဒါပေမယ့် သူမြန်မြန်ပဲပြန်နာလည်ထူလိုက်နိုင်တယ်။ အဆင်ပြေမှာပါ။ အချိန်တွေအများကြီးရှိနေသေးတာပဲ သူတစ်နည်းနည်းနဲ့တော့ လွတ်မှာပါ။

သူလူအုပ်ကိုတန်းဖြုတ်လိုက်ပြီးတော့ တပ်ရေးအရာရှိတစ်ယောက် ရှေ့တက်လာတယ်။ “အရှင် အရာရှိရုံးတော်မှာ ပြီးပြတ်ဖို့လိုသေးတဲ့ တချို့အရာလေးတွေရှိနေပါသေးတယ်” သူပြောလိုက်တယ် “အရှင် ကျေးဇူးပြုပြီး ကျွန်တော့်နောက်လိုက်ခဲ့ပေးပါ၊ ကျွန်တော်အဲ့ကို ခေါ်သွားပေးပါ့မယ်”

“မင်းဘာသာလုပ်လိုက်ပါလား… ငါကခုမှရောက်လာတာကို မင်းကအလုပ်တွေလာခိုင်းနေတယ်၊ ငါတာဝန်တွေတောင် မခွဲရသေးဘူး!” ပိုင်ရန်ခပ်မာမာပြောပြီး သူတို့ရှေ့မှာတင် လှုပ်လီလှုပ်လဲ့နဲ့ထွက်သွားတယ်။

အစောင့်အရာရှိရုံးတော်က ထွက်လာပြီးနောက် ပိုင်ရန်ဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘူး။ သူမိန်းလမ်းမကြီးပေါ် လျှောက်သွားကြည့်ဖို့ဆုံးဖြတ်လိုက်ပေမယ့် ကျောင်ရှို့နဲ့ထပ်တိုးပြန်တယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Où les histoires vivent. Découvrez maintenant