အပိုင်း - ၈၃

6.7K 1.5K 97
                                    


{Zawgyi}

ဒီကမ္ဘာကို ပိုင်ရန်ရောက်လာချိန်တုန်းက သူ့ရဲ့အဓိကပန်းတိုင်က သူ့ရဲ့missionကို ပြီးဆုံးအောင်လုပ်ပြီး တကယ့်ကမ္ဘာကို ပြန်ဖို့ပဲဖြစ်တယ်။ သူ ဒီလောက်ထိတောင် ရောက်လာပြီးမှတော့ လက်မလျှော့နိုင်တော့ဘူး။

သူ့ဖာသာ စိတ်ပိုင်းဖြတ်ပြီး နတ်ဆိုးဘုရင်ကြီးကို ပိုင်ရန် ပြောလိုက်တယ် "အရှင်ကြီးကို ကျွန်တော် မပြောပြရသေးတဲ့အရာရှိတယ်"

နတ်ဆိုးဘုရင်ကြီးက သူတစ်ခုခုပြောလာမှာကို စိတ်လှုပ်ရှားစွာနဲ့ စောင့်နေတာဖြစ်တယ်။ သူဒီလိုမျိုးပြောလာတဲ့အခါ နည်းနည်းတော့ အံ့ဩရသေးတယ်။ သူ မြေပုံကို ဖယ်ကာ ပြောလိုက်တယ် "ဘာများလဲ?"

"ပြီးခဲ့တဲ့အခေါက် သေမျိုးလောကကို လည်ပတ်တုန်းက ကျွန်တော် သတင်းတချို့ သိခဲ့ရတယ်၊ နယ်မြေတိုင်တစ်ခုက အတော်ကြီးအေးတဲ့မြောက်ပိုင်းက တျန်းရှန်လို့ခေါ်တဲ့နေရာမှာ ရှိနေပုံရတယ် ဒါပေမယ့် ကျွန်တော်က ဒါကို အတည်မပြုနိုင်တာကြောင့် ဘာမှမပြောခဲ့တာပါ၊ အရှင်ကြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ" ပိုင်ရန်က ရုတ်တရက်ဒူးတစ်ဖက် ထောက်ချလိုက်ပြီး ရိုးသားစွာပြောလိုက်တယ်။

အခု သူက ရှောင်လွှဲမရတော့တာကြောင့် နတ်ဆိုးဘုရင်ကြီးရဲ့အစီအစဉ်ကို ကန့်လန့်တိုက်ရတော့မှာဖြစ်တာကြောင့် နည်းနည်းလေးတော့ အလျော်အစားပြန်ပေးချင်တယ်။ တကယ်ဆို လူသားနယ်မြေကို ကယ်တင်ရဖို့ဆိုတာကို သူဂရုမစိုက်ဘူး။ သူကိုယ်တိုင် ရှင်သန်နိုင်ဖို့အတွက် ဇာတ်လိုက်ကို အသက်ရှင်ချင်ရုံဖြစ်တယ်။ အဲ့တာကြောင့် နတ်ဆိုးဘုရင်ကြီးလည်း သူ့ပန်းတိုင်ကို အောင်မြင်အောင်လုပ်တဲ့နေရာမှာ အကူအညီပေးရာလည်းရောက်အောင် နယ်မြေတိုင်တွေထဲကတစ်ခုရဲ့ တည်နေရာကို ပြောပြလိုက်တာဖြစ်တယ်။

နတ်ဆိုးဘုရင်ကြီးက သူ့ချက်ချင်းပြန်ထူပေးပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်တယ် "အခုကစပြီး မင်း ကိုယ်တော့်ရှေ့မှာ ဒူးမထောက်ရဘူး"

ပိုင်ရန် မော့ကြည့်လိုက်မိတယ်။

နတ်ဆိုးဘုရင်ကြီးက သူ့ပုခုံးပေါ် လက်တစ်ဖက်တင်ကာ သူ့မျက်နှာကို အသာလေးပုတ်တယ်။ အပြုံးတစ်ပွင့်နဲ့ သူပြောလာတာက "မင်းက ကိုယ်တော်ရွေးခြယ်ထားတဲ့ လက်တွဲဖော်၊ မင်းက ကိုယ်တော်ဖြစ်သလို ကိုယ်တော်ကလည်း မင်းပဲ၊ ကိုယ်တော်တို့တွေ ဒီလောကကြီးကို အတူအုပ်စိုးကြမယ်... ကိုယ်တော်တို့ရဲ့ အဆင့်အတန်းက အတူတူပဲ"

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Tahanan ng mga kuwento. Tumuklas ngayon