အပိုင်း -၂၉ (Zawgyi + Unicode)

12.3K 2K 44
                                    


{Zawgyi}

“နဂါးနိုင်ဓားကို ရသွားတဲ့ကောင်လေးက ကျိုးရင်ဆိုလားပဲ၊ သူကအဆင့်နိမ့်တဲ့တပည့်တစ်ယောက်ဆိုပေမယ့် နဂါးနိုင်ဓားကို ရှာတွေ့သွားသေးတယ်… သူတော်တော်လေးကံကောင်းတယ်ထင်တယ်၊ အရှင်လော့ကတော့ အဲ့ကောင်လေးက ဟောတမ်းထုတ်ထားတဲ့ ခုနစ်စင်ကြယ်သားတော်လို့ သံသယရှိနေတယ်”

သူပြောပြီးပြီးချင်း ရှောင်လင်းကအထိတ်တလန့် ပိုင်ရန်ကိုမေးလာတယ် “သခင်၊ ဘာလို့အဲ့လိုတွေသွားပြောရတာလဲ? နတ်ဆိုးဘုရင်ကြီးက ခုနစ်စင်ကြယ်သားတော်ကိုသတ်ချင်နေရတဲ့ကြားထဲကို! သခင်ပြောတာတွေ နားထောင်ပြီး ကျိုးရင်ကို သတ်လိုက်ရင်ဘယ်လိုလုပ်မလဲ?”

“မင်းရူးနေတာလား? လော့ကျန်းဖန်းက အခြေအနေတွေကိုတင်ပြပြီးသွားပြီလို့ နတ်ဆိုးဘုရင်ကြီးပြောလိုက်တာ မကြားဘူးလား? ကျိုးရန်ရဲ့တည်ရှိမှုကို သေချာပေါက်သူသိနေပြီလေ၊ ငါကျိုးရင်ကို နှစ်ခါတောင်မသတ်လိုက်ဘူး အဲ့တော့ သူသံသယမဝင်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ငါကိုယ်တိုင်ထုတ်ပြောလိုက်တာက အကောင်းဆုံးနည်းလမ်းပဲ”

“ဒါပေမယ့်…”

“စိတ်မပူနဲ့ ငါ့မှာအကြံရှိတယ်” ပိုင်ရန်ဆက်ပြောလိုက်တယ်။

ထင်တဲ့အတိုင်းပဲ နတ်ဆိုးဘုရင်ကြီးက စိတ်ဝင်တစားဖြစ်လာတယ်။ “အဲ့တော့ မင်းပြောချင်တာက နဂါးနိုင်ဓားကိုပိုင်သွားတဲ့ကောင်လေးက ခုနစ်စင်ကြယ်သားတော်ဖြစ်နိုင်တယ်ပေါ့?”

“ဟုတ်ပါတယ် အရှင်” ပိုင်ရန်ကပဲ ဆက်ပြီးပြောတယ် “ဒါပေမယ့် ကောင်းကင်ဘုံကွပ်မျက်ခြင်းစင်မြင့်ကနေ သူ့ကိုပြန်ပေးဆွဲပြီးတာတောင် ဘာကြောင့်မသတ်လိုက်တာလဲဆိုတာ အရှင်သိပါသလား?”

နတ်ဆိုးဘုရင်ကြီးက တည်တည်ငြိမ်ငြိမ်ပဲပြန်မေးတယ် “အိုး.. ဘာကြောင့်လဲပြောပါအုံး?”

ပိုင်ရန်က “အဲ့အချိန်တုန်းက ကျောက်စိမ်းတိမ်လွှာပုလဲကိုပဲသွားယူဖို့လုပ်ခဲ့တာ၊ ဒါပေမယ့် တောင်ခြေကနဂါးနိုင်ဓားအကြောင်း သတင်းရလိုက်တယ်၊ အဲဒါကြောင့် ကျွန်တော်လည်းစိတ်လောပြီး နဂါးနိုင်ဓားကိုပါ ယူချင်သွားခဲ့တယ်၊ ကျွန်တော်အဲ့ကောင်လေးကို ပြန်ပေးဆွဲတုန်းက သူ့ကိုသတ်ပြီးနဂါးနိုင်ဓားကိုယူဖို့လုပ်ခဲ့တယ်.. ဒါပေမယ့် နောက်တော့မှ ဓားကကောင်လေးနဲ့ ချိတ်ဆက်ပြီးသားဖြစ်နေမှန်း သတိထားလိုက်မိတယ်၊ တကယ်လို့သာ ကျွန်တော်အဲ့ဆယ်ကျော်သက်ကောင်လေးကို သတ်လိုက်ရင် နဂါးနိုင်ဓားကလည်း သူ့ဘာသာဖျက်ဆီးပစ်လိုက်လိမ့်မယ်၊ ဒါကြောင့် အရှင့်အစေခံက ဘာမှမလုပ်နိုင်တာပါ”

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now