အပိုင်း - ၈၂

7.4K 1.4K 83
                                    

{Zawgyi}

မိန်းမောတွေဝေနေရာက နတ်ဆိုးဘုရင်ကြီးခေါ်သံကြောင့် သတိပြန်ဝင်လာတယ်။

ပိုင်ရန်အားတင်းကာ သူ့စိတ်သူတည်ငြိမ်အောင်ထားပြီး နတ်ဆိုးဘုရင်ကြီးဆီကိုသာ အာရုံစိုက်လိုက်တယ် "အရှင်ကြီး?"

နတ်ဆိုးဘုရင်ကြီးက ဘေးဘီကိုကြည့်ကာ မျက်မှောင်ကြုတ်နေတယ် "ကိုယ်တော့်မှာ နောက်ဆုံးတော့ မင်းနဲ့အတူ အပြင်ထွက်ဖို့ အခွင့်အရေးတစ်ခုရလာတယ်ဆိုပေမယ့် ဒီလိုမျိုးတွေကြုံပြီးတော့ပဲ အဆုံးသတ်လိုက်ရတယ်၊ ဘယ်လိုတောင် စိတ်ပျက်စရာကောင်းလိုက်သလဲ!"

ပိုင်ရန်က ဒီလိုမျိုးရှုပ်ပွနေတဲ့နေရာမှာ မနေချင်ဖြစ်နေတာကြောင့် အတင်းအကျပ်အပြုံးတစ်ခု ဖန်တီးကာ ပြောလိုက်တယ် "ဒါဆိုလည်း သွားကြရအောင်လေ"

"ကိုယ်တော်တို့က ပန်းပင်လယ်ကိုတောင် မတွေ့ရသေးဘူး!" နတ်ဆိုးဘုရင်ကြီး အနည်းငယ် မကျေမနပ်ဖြစ်နေတယ်။

ပိုင်ရန် တွေးလိုက်တာက 'ဒီလိုမျိုး အလောင်းတွေ ပတ်လည်ဝိုင်းနေတာကိုတောင်မှ ခင်ဗျားကြီးက ပန်းတွေကြည့်ဖို့ စိတ်အခြေအနေရှိနေသေးတယ်?'

"အရှင်ကြီး..."

နတ်ဆိုးဘုရင်ကြီးကို သွားကြဖို့ တိုက်တွန်းချင်နေချိန်မှာပဲ နတ်ဆိုးဘုရင်ကြီးက မြေပြင်ပေါ်က လူသေတွေကို ကြည့်ကာ ရုတ်တရက် ပြောလိုက်တယ် "ကိုယ်တော် သိပြီ!"

သူ့အသံနောက်မှာ ဘေးပတ်လည်က လေထုပြောင်းလဲသွားပြီး တည်ငြိမ်နေတဲ့ကန်မျက်နှာပြင်ပေါ်ကို ရေစက်ကျဆင်းလာသလို လှိုင်းကြက်ခွပ်တွေပေါ်လာတယ်။

နတ်ဆိုးဘုရင်ကြီးဆီက ထွက်ပေါ်နေတဲ့ သိမ်မွေ့နက်နဲတဲ့မှော်စွမ်းအင်က အရပ်မျက်နှာတိုင်းကို ပျံ့နှံ့သွားတယ်။

နတ်ဆိုးဘုရင်ကြီးက လက်ကိုမြှောက်လိုက်တယ်ဆိုရင်ပဲ ဖုန်တွေပေါ်မှာ လဲလျောင်းနေတဲ့အလောင်းတွေဆီက အနက်ရောင်မီးခိုးမျှင်တန်းတွေ ထွက်ပေါ်လာပြီး မကြာခင် ထိုအလောင်းတွေက စတင်ရှုံ့တွလာကာ အရိုးခြောက်တွေအဖြစ် ပြောင်းလဲသွားတယ်။

နတ်ဆိုးဘုရင်ကြီးက အလောင်းတွေဆီကနေ ဝိဉာဉ်စွမ်းအားကို စုပ်ယူပြီးနောက် သူ့ရဲ့ဆုပ်ထားတဲ့လက်ကို ဖွင့်လိုက်တဲ့အခါ မှော်စွမ်းအင်နဲ့အတူ အတိုင်းအဆမဲ့တဲ့စိတ်ဝိဉာဉ်စွမ်းက ပြင်းထန်စွာထိုးတက်လာပြီး လျှိုမြှောင်တစ်လျှောက် ပြန့်ကျဲသွားတော့တယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now