အပိုင်း-၄.၂ (Zawgyi + Unicode)

19.5K 3K 66
                                    


{Zawgyi}

ပိုင်​ရန်​မျက်​နှာ​ပေါ် မျက်​ရည်​​တွေပြိုကျလာတယ်​။

ကိုးရို့ကားယားနိုင်​စွာပဲ ပိုင်​ရန်​လမ်း​လေးအတိုင်း​လျှောက်​ဆင်းလာပြီး တစ်​​ယောက်​​ယောက်​က သူ့ကို​တွေ့သွားမှာလည်း စိုးထိတ်​​နေရတယ်​။ သူလူအရိပ်​အ​ခြေကိုကြည့်​ပြီးသွား​နေ​ပေမယ့်​ အချိန်​​အတန်​ကြာတဲ့ထိ တစ်​​ယောက်​မှမ​တွေ့ရဘူး။

ရှောင်​လင်းက နှစ်​သိမ့်​ရှာတယ်​ "သခင်​၊ စိတ်​မလှုပ်​ရှားပါနဲ့... ဒါကသခင်​မှ မဟုတ်​တာ၊ ကိုယ်​တုံးလုံးမြင်​သွားလည်း ကိစ္စမရှိဘူး​လေ"

ဟုတ်​သားပဲဟ! ဒါကရှဲ့ဇီထျန်းရဲ့ခန္ဓာကိုယ်​ကြီး​လေ ငါ့ဟာမှမဟုတ်​တာ။ ကိုယ်​တုံးလုံးကြီးနဲ့​ပြေး​နေလည်း ပိုင်​ရန်​အစစ်​နဲ့ဘာမှမဆိုင်​ဘူး။

"အဲ့အပြင်​ သခင်​ကအတုအ​ယောင်​ကမ္ဘာမှာ​ရောက်​​နေတာ အားလုံးကအတု​တွေချည်းပဲ"

အဲ့တာလည်းဟုတ်​သား။ သူကအခုအတုအ​ယောင်​​လောကကြီးမှာ။ တကယ်​လို့ ဇာတ်​​ကောင်​အုပ်​လိုက်​ကြီးက သူ့ကိုမြင်​သွားရင်​​တောင်​ အဲ့ဟာ​တွေက dataစုလိုက်​ကြီးပဲ၊ သူတို့က တကယ့်​လူအစစ်​မဟုတ်​ဘူး။

အခု သူနတ်​ဆိုးဘုရင်​အ​ကြောင်းစဉ်းစားမိ​တော့... ရတယ်​​လေ! သူကဒီတိုင်းအ​ကောင်းဆုံး NPCဖြစ်​​နေရုံ​လေးပဲ။ NPCတစ်​​ယောက်​က သူ့တစ်​ကိုယ်​လုံးမြင်​သွား​တော့လည်း ဘာဖြစ်​လဲ?

ပိုင်​ရန်​ စဉ်းစားလိုက်​တယ်​။

"တကယ်​​တော့ အခုမှအဲ့တာစဉ်းစားမိတယ်​၊ နတ်​ဆိုးဘုရင်​က ဒီတိုင်းအ​ရေးကြီးတဲ့ NPC​တွေထဲကမှတစ်​​ယောက်​သာသာပဲရှိတာ၊ သူ့ကို​ကြောက်​​နေစရာ အကန့်​ကိုမရှိဘူး" [T/N: ပြီးရင်​ သူပဲ ဟို​​နေရာတုန်​ ဒီ​​နေရာတုန်​နဲ့]

ရှောင်​လင်း: "သခင်​​ပြောတာမှန်​တယ်​၊ အဲ့လိုပဲ​တွေးပါ၊ အခက်​အခဲကိုရဲရဲဝင့်​ဝင့်​ ရင်​ဆိုင်​ပြီး သခင့်​ထက်​ပိုပြီးအားကြီးတဲ့သူ​တွေနဲ့ရင်​ဆိုင်​ရရင်​ သတ္တိရှိပါ၊ ဒါကသခင်​အတုအ​ယောင်​​လောကမှာ လာ​နေရတဲ့ရည်​ရွာ်​ချက်​အမှန်​ပဲ"

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now