(၄)

1.8K 417 25
                                    

Unicode

အနက်ရောင်တီဗီဖန်သားပြင်က 'ပေါ့ပ်' ဟူသော မြည်သံတစ်ချက်နှင့်အတူ လက်ခနဲဖြစ်သွားပြီး ဖန်သားပြင်က မူလအခြေအနေအတိုင်းပြန်ပွင့်လာသည်။ တီဗီထဲတွင် နွေရာသီပျော်ပွဲစားထွက်လာသော ကလေးတစ်သိုက်၏ကြော်ငြာတစ်ခုကိုပြသနေသည်။ ကလေးများက ကစားကွင်းထဲတွင် ပျော်ရွှင်စွာပြေးလွှားဆော့ကစားနေကြ၏။ ထိုမြင်ကွင်းသည်ကား ပေါ့ပေါ့ပါးပါးကြည်နူးစရာမြင်ကွင်းတစ်ခုဖြစ်သည့်တိုင် လိုင်းမကောင်းသောကြောင့်လား၊ ဘာရယ်ကြောင့်မှန်းမသိဘဲ ရုပ်ပုံများက ပြတ်တောင်းပြတ်တောင်းဖြစ်လို့နေ၏။ ကလေးငယ်များ၏ရယ်မောသံများက
အပြတ်ပြတ်နှင့်ကစဉ့်ကလျားဖြစ်လို့နေကာ ချောက်ချားဖွယ်ကောင်းသောခံစားချက်တို့ကိုပင် တစတစဖြစ်ပေါ်လာစေတော့သည်။

ဟား...ဟား....

ဖန်သားပြင်ထက်က ကလေးမလေးက အလွန်အမင်းအူမြူးပျော်ရွှင်နေပုံရပြီး သူမ၏မျက်နှာအမူအရာကို ထိန်းချုပ်နိုင်စွမ်းမရှိပါချေ။ ထိုအခိုက်မှာပင် ငိုမှန်းမသိ၊ ရယ်မှန်းမသိသော ရိုင်းစိုင်းခက်ထန်သည့်အမူအရာမျိုး၌ရပ်တန့်လို့သွားပြန်သည်။ အားရပါးရဟ, ထားသော သူမပါးစပ်အတွင်း၌ သွားအခေါင်းပေါက်ကြီးတစ်ခုကိုပင်တွေ့မြင်နေရသည်။

လော်ချွေ့ချွေ့က အကြောက်ကြောက်အလန့်လန့်နှင့်အနောက်သို့ဆုတ်လိုက်သောအခါ သတ္တုအမှိုက်ပုံးတစ်ခုနှင့်တိုက်မိသွား၏။ သူ၏ခြေထောက်များကား ဂျယ်လီလိုပျော့ခွေနေပြီဖြစ်သည်။ "ဂွမ်း! " သတ္တုနှင့်ကြမ်းပြင်တို့ထိရိုက်သံက ခပ်ဝေးဝေးအထိပျံ့နှံသွားပြီး ဝင်္ကါပါလျှောက်လမ်းတစ်လျှောက်လုံး၌ ပဲ့တင်ထပ်သွားလေတော့သည်။

ရှောင်လီက နောက်ဆုံးတွင်သတိပြန်ဝင်လာပြီး ဆံပင်ရှည်နှင့်လူကို မျက်လုံးအပြူးသားဖြင့်စိုက်ကြည့်လိုက်သည်။

"ခင်ဗျားက ဘာဖြစ်ချင်တာလဲ?ဟေး....ခင်ဗျားက ထူးခြားစွမ်းရည်ရှိတဲ့လူမဟုတ်လား? ခင်ဗျားရဲ့စိတ်စွမ်းအင်ကိုသုံးပြီး သက်သေအထောက်အထားကိုအတုလုပ်တာ ကျွန်တော်တို့မသိဘူးထင်လို့လား?"

သောကမီးလျှံWhere stories live. Discover now