(၂၆)

1.1K 286 18
                                    

နတ်ဆရာမျိုးနွယ်စုသည်ကား စစ်မက်ဖြစ်ပွားခြင်းကိုလိုလားကြသူများမဟုတ်ကြပါချေ။ ထိုမျိုးနွယ်စုရှိလူများမှာ အတော်လေးကိုအေးအေးချမ်းချမ်းနေထိုင်ကြသူများသာဖြစ်သည်__ဤအချက်ကို ထူးခြားစွမ်းရည်ပိုင်ရှင်များက သူတို့၏ဂူသင်္ချိုင်းများထဲမှတူးထုတ်ယူလာကြသော အစီအရင်များကိုကြည့်ရှုခြင်းအားဖြင့်သိရှိနိုင်ပေသည်။ အစီအရင်များအားလုံးလိုလိုတွင် ၎င်းတို့နှင့်သက်ဆိုင်သောတန်ပြန်အစီအရင်များရှိကြသည်။ ထို့ပြင် အစီအရင်များပျက်ပြယ်သွားပြီးနောက်တွင်လည်း နောက်ဆက်တွဲဆိုးကျိုးဟူ၍ကျန်မနေခဲ့ပါချေ။ ဤကိစ္စမှာ လွယ်တော့မလွယ်ကူလှပေ။ လူတစ်ယောက်ကိုဓားဖြင့်ထိုးသတ်ရန်လွယ်ကူသော်လည်း ထိုဓားထိုးခံရသူကို အသက်ပြန်ရှင်အောင်လုပ်နိုင်ရန်မလွယ်ကူသော သဘောတရားနှင့်ဆင်တူပေသည်။ နတ်ဆရာမျိုးနွယ်စုရှိရှေးဘိုးဘေးဘီဘင်တို့က အနာဂတ်တွင်ဖြစ်လာမည့်အရာများကို ကြိုတင်သိမြင်လို့နေကာ နှစ်ထောင်ပေါင်းများစွာကြာညောင်းသွားချိန်၌ လူလိမ်လူညာတစ်အုပ်စု၏အကျိုးစီးပွားအတွက်ရည်ရွယ်၍ ဤသို့သောတန်ပြန်မန္တန်အစီအရင်များကို အထူးတလည်ပြုလုပ်ဖန်တီးခဲ့ခြင်းပေလော၊ သို့မဟုတ်ပါက သူတို့ကိုယ်သူတို့ ကာကွယ်စောင့်ရှောက်ရန်အလို့ငှာ ထိုအစီအရင်များကိုပြုလုပ်ခဲ့ခြင်းပေလော မသိနိုင်ပေ။

ပြောစရာမလိုသည့်အကြောင်းမှာတော့ အနှီကလေးနှစ်ယောက်သည်ကား ထိုကဲ့သို့အန္တရာယ်များလှသည့် မန္တန်အစီအရင်များကို ယခင်တုန်းက တစ်ကြိမ်တစ်ခါမှထိတွေ့ခဲ့ဖူးခြင်းမရှိဆိုသည့်အချက်ပင်ဖြစ်သည်။

ရှန့်လင်ယွမ်း အလွယ်တကူယူဆောင်လာခဲ့သော အစီအရင်မှာ မျိုးနွယ်စုရှိကလေးသူငယ်များ အချင်းချင်းစနောက်ကျီစယ်ကစားရာတွင်သုံးသော အစီအရင်လေးတစ်ခုသာဖြစ်သည်။ သို့ဖြစ်ရာ ၎င်းမှာ သာမန်သာဖြစ်ပြီး အသုံးမဝင်သောကြောင့် ကလေးနှစ်ယောက်ခမျာ သူတို့ကိုသတ်ရန်နောက်မှလိုက်လာကြသော ရက်စက်ကြမ်းကြုတ်သည့်မိစ္ဆာကောင်များအား အခက်တွေ့စေရန်အလို့ငှာ
တစ်နေရာမှတစ်နေရာသို့ ပုန်းလျှိုးကွယ်လျှိုးဖြင့်သွားလာပြေးလွှားကြရရှာသည်။

သောကမီးလျှံWhere stories live. Discover now