(၃၂)

1.1K 304 29
                                    

နောက်ဆုံးတွင်တော့ ရွှမ်းကျီးခမျာ ခံနိုင်ရည်အားထက်ပိုများသောဝန်အလေးချိန်တို့ကြောင့် အောက်သို့ပြုတ်ကျသွားရှာတော့သည်။ တုတ်တုတ်မျှမလှုပ်ရှားနိုင်တော့သော သူ့အတောင်ပံများမှာ စက္ကူသစ်ရွက်အမြောက်အမြားကို တပါတည်းဆွဲချသွားကာ လူတစ်စုခမျာ ထို့ထက်ပို၍ကြမ်းတမ်းစရာအကြောင်းမရှိတော့သည့်ပုံစံများဖြင့် မြေကြီးပေါ်သို့ဝရုန်းသုန်းကားပြုတ်ကျသွားရှာကြ၏။ ၎င်းတို့မှာ ကျောက်စိုင်ကျောက်သားများကိုဝင်ဆောင့်မိသွားကြရုံသာမက ကွေးလွယ်ဆန့်လွယ်သောပျော့ပျောင်းသည့်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားကြသူအချို့မှာကား မြေပြင်ပေါ်၌အကြိမ်အနည်းငယ်ခန့် ပြန်ကန်ထွက်သွားရှာတော့သည်။

“သက်ဦးဆံပိုင်မင်းဧကရာဇ်များပင်ဖြစ်စေ၊ စစ်သူကြီးများ၊ မှူးမတ်ဝန်ကြီးများ၊ စာသင်သားများနှင့်ချောမောလှပသူများသောလူများပင်ဖြစ်စေ” သူတို့အားလုံးခမျာ မြေကြီးပေါ်သို့ဒလိမ့်ကောက်ကွေးပြုတ်ကျသွားကြရှာတော့သည်။

“ငါ့ဖုန်း! ငါ ဖုန်းအသစ်လဲထားတာတောင် သိပ်မကြာသေးဘူးလေကွာ! အခု ထပ်ကွဲသွားပြန်ပြီ!”

“ကားသော့က ဘယ်နေရာကိုပျံထွက်သွားတာလဲဟ? ရှာကြပါဦး…အဲဒါက ရုံးကပေးထားတဲ့ ကားဟ”

“ဘယ်ကောင်က ကားသော့မှာ သံလုံးတစ်လုံးကိုတွဲချည်ထားတာလဲကွ? ရူးနေကြတာလား မင်းတို့တွေ? မင်းတို့ခေါင်းကို အသည်းပုံလိုမျိုးလေးကြေမွသွားချင်လို့လား? အိုင်း…ပိ…လူကြီး….ခင်ဗျားရဲ့အဲဒီဆံပင်တွေက ဘာဖြစ်လို့ထပ်ပြီး ထုံးသွားရပြန်တာလဲ?”

နွယ်ကြိုးများဖြင့်ဖန်တီးရက်လုပ်ထားသော ရှန့်လင်ယွမ်း၏ဝတ်ရုံမှာ ဖျင်ချန့်ရူ၏ဇစ်ကြိုးဖြင့်ငြိသွားပြီး စုတ်ပြဲထွက်သွားလေရာ သူ့ခမျာ ကိုယ်လုံးတီးဖြစ်လုနီးပါးဖြစ်သွားရှာတော့သည်။ ကံကောင်းထောက်မစွာပင် လော်ချွေ့ချွေ့ထံမှထွက်လာသည့် ရွှေလာငွေလာနွယ်ပင်များဖြင့် သူ့ခန္ဓာကိုယ်အား ဖုံးကာပေးထားလိုက်နိုင်ခဲ့သည်။ သူ၏ဆံနွယ်များမှာ ရွှမ်းကျီး၏အတောင်များဖြင့် ရစ်ပတ်ယှက်နွယ်သွားပြီး ရှုပ်ထွေးသောတရုတ်ရိုးရာကြိုးထုံးတစ်ခုကဲ့သို့ဖြစ်သွားလေသည်။ ဤလူနှစ်ယောက်အနက် တစ်ယောက်မှာ သူ့အတောင်ပံများကိုပြန်ရုတ်သိမ်းလို့မရသလို ကျန်တစ်ယောက်မှာလည်း သူ့ဆံနွယ်များကိုပြန်လည်ဆွဲဖြည်လို့မရနိုင်ဘဲဖြစ်နေရှာ၏။

သောကမီးလျှံWhere stories live. Discover now