(၃၇)

1.4K 308 25
                                    

Unicode

ရွှမ်းကျီးမှာ ဘာမှစဉ်းစားမနေတော့ဘဲ သူ့လက်ချောင်းများကို ဓားတစ်ချောင်းအသွင်ပြောင်းလဲလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ဘေးဘက်ဆီသို့ ပွတ်ဆွဲချလိုက်သည်။

သူ၏ဘယ်ဘက်လက်ထဲတွင် စီးကရက်တစ်ပိုင်းကိုညှပ်ထားပြီး ညာဘက်လက်မှာတော့ ဓားတစ်ချောင်းတမျှ ချွန်ထက်သောအနားစွန်းများရှိသည့် သတ္တုချောင်းတစ်ခုအသွင်ပြောင်းလဲသွားကာ လက်ချောင်းထိပ်တွင် မီးတောက်တစ်ခုစုစည်းဖြစ်ပေါ်လာသည်။

အားလော့ကျင်းက စူးစူးဝါးဝါးအော်ဟစ်ရယ်မောလိုက်ကာ ဝှစ်ခနဲမြည်သံနှင့်အတူ ထူးဆန်းသောကိုယ်နေဟန်ထားဖြင့် လေထုအတွင်းသို့ ကျွမ်းတစ်ပတ်ပစ်ကာခုန်တက်သွားလေသည်။ အရိုးဖြူများဖြင့်ပြုလုပ်ဖွဲ့စည်းထားသော ဧရာမလိပ်ပြာကြီးတစ်ကောင်သည်ကား ညဉ့်ကောင်းကင်ယံအတွင်း မည်သည့်နေရာမှပေါ်ထွက်လာသည်မသိ၊ ၎င်းမှာ သူ့ခြေထောက်အောက်တွင်မြဲမြံစွာနေရာဝင်ယူလိုက်၏။ တောင်ပံရိုးသွင်များကို တစ်ချက်ခတ်လိုက်လေတိုင်း လေပြင်းတစ်ချက်ရိုက်ခတ်သွားစေပြီး စီးကရက်ထိပ်တွင်ရှိနေသည့် မှိန်ဖျော့ဖျော့မီးစလေးမှာ ငြိမ်းလုမတတ်ဖြစ်နေရှာတော့သည်။

ရွှမ်းကျီးမှာ အစပိုင်း၌ ဤသို့ဤနှယ်ပွဲဦးထွက်လာသောမြင်ကွင်းပုံစံကြောင့် ထိတ်လန့်တုန်လှုပ်သွားရှာပြီးသကာလဝယ် အချိန်နှောင်းသွားခါမှ သူ၏ရာထူးတာဝန်ကို သူ့ဘာသာသူပြန်လည်သတိရသွားလေသည်။

“ခဏလေး!”

ရွှမ်းကျီး၏မျက်နှာမှာ အစိမ်းရောင်သန်းသွားရှာ၏။ သူက စိတ်ထဲမှ တွေးလိုက်သည်။

“ဒီနတ်ဆရာမျိုးနွယ်စုခေါင်းဆောင်ငယ်လေးက ဒီဟာကြီးကို မြို့စွန်ကနေ ဒီအထိ တစ်လမ်းလုံးမောင်းနှင်လာတာတော့ မဟုတ်ပါဘူးနော်?”

အမှန်ပင်။ ညဉ့်နက်သန်းခေါင်အချိန်ရောက်နေပြီဖြစ်သည့်တိုင် မြို့ကြီးပြကြီးများ၌မူ ညဇီးကွက်များက အမြဲတစေကျင်လည်ကျက်စားနေဆဲဖြစ်သလို လမ်းမကြီးများပေါ်၌တပ်ဆင်ထားသော လုံခြုံရေးကင်မရာများမှာလည်းပိတ်မထားကြပါချေ!

သောကမီးလျှံWhere stories live. Discover now