(၃၁)

1.1K 301 44
                                    

သို့သော် ရွှမ်းကျီးမှာ ငွေသော်တာရောင်ခြည်ကိုကြည်နူးခံစားနေရန်အချိန်မရှိပါချေ။ ထိုခဏ၌ ၎င်းမှာ ဤရေအိုင်လေးအတွင်းရှိ အေးစက်သောရေအလျဉ်ကဲ့သို့နှယ် သူ့နှလုံးအိမ်ထဲတွင်စိမ့်ခနဲအေးတက်လာသောခံစားချက်များကိုခံစားလိုက်ရလေတော့သည်။

ဤယဇ်ပလ္လင်ထဲတွင် ထောင့်သန်းရောဂါပိုးထက်ပိုမိုကြောက်စရာကောင်းလှသော မိစ္ဆာအစီအရင်များအပြည့်ရှိနေတာဖြစ်သည်။ အကယ်၍ လိပ်ပြာတစ်ကောင်တလေသာ အပြင်သို့လွတ်ထွက်သွားပါက ဇီဝလက်နက်စစ်ပွဲတစ်ပွဲကိုအစပျိုးပေးလိုက်သည်နှင့်တူညီသွားပေလိမ့်မည်။

ရေထဲတွင် ပေါလောပေါ်နေသော ဆံချည်မျှင်တစ်ထွေးက သူ့ထံသို့မျောလာ၏။ ရွှမ်းကျီးက သူ့လက်ကိုလှမ်းရန်ပြင်လိုက်စဉ်မှာပင် ရှန့်လင်ယွမ်းထံမှ အံတကြိတ်ကြိတ်ဖြင့်ပြောလာသောစကားသံကို သူ၏အသိစိတ်အာရုံထဲတွင်ကြားလိုက်ရသည်။

ငါကိုယ်တော်ရဲ့ဆံနွယ်တွေကို နောက်တစ်ခါဆောင့်ဆွဲလို့ကတော့ မင်းရဲ့ဆွေစဉ်မျိုးဆက်ကိုးဆက်လုံးကို ငါကိုယ်တော် ကျိန်စာတိုက်ပစ်မယ်

“တိုက် တိုက် တိုက် တိုက်ချင်သလောက်တိုက်ဗျာ…..ပြန်ရောက်တာနဲ့ ကျွန်တော့်အိမ်ထောင်စုစာရင်းကို လုပ်ငန်းခွင်ထဲကစုပေါင်းသန်းခေါင်စာရင်းစာအုပ်ထဲ ပြောင်းထည့်ပစ်လိုက်မယ်”

ရွှမ်းကျီးက အလျင်စလိုပြောလိုက်သည်။

“ဒါပေမဲ့ ဒီလိပ်ပြာတွေကတော့ တစ်ကောင်မှထွက်ပြေးသွားလို့မဖြစ်ဘူး”

“ငါကိုယ်တော်သိတယ်…ပါးစပ်ပိတ်ထား၊ မဆူနဲ့”

“အဲဒီတော့ ဘယ်လိုလုပ်မှာလဲ ပိရှ? လူကြီးမင်းကလည်း ဘာပဲဖြစ်ဖြစ် လူသားဧကရာဇ်တစ်ပါးပဲမဟုတ်ဘူးလား? လောကကြီးထဲက သက်ရှိသတ္တဝါတွေအားလုံး ဒုက္ခပင်လယ်ဝေကုန်ကြမှာကိုတော့ ဒီအတိုင်းကြည့်နေနိုင်မှာမဟုတ်ဘူးမလား?”

သူတို့နှစ်ယောက်ဆွေးနွေးငြင်းခုံလို့မပြီးသေးခင်မှာပင် ကြီးမားသော ‘သားရဲတိရစ္ဆာန်တစ်ကောင်’ သည်ကား ပါးစပ်မှဝူးဝူးဝါးဝါးအော်ဟစ်နေလျက်  ခွေးကူးကူးနေသည့်ပုံစံမျိုးဖြင့် ရေအားကြောင့် သူတို့ရှိရာဘက်သို့ တရှိန်ထိုးမျောပါလာသည်ကိုတွေ့လိုက်ရလေသည်။

သောကမီးလျှံWhere stories live. Discover now