(၅၅)

1.1K 241 30
                                    

ဝမ်ဇယ်မှာ ဖြစ်ကတက်ဆန်းနည်းလမ်းပေါင်းစုံကိုကြံဆနိုင်သူတစ်ဦးဖြစ်သည်။ သူတို့၏ကားတန်းသည် ကမ်းခြေသို့ဆိုက်ရောက်လာချိန်မှာပင် မော်တော်ဘုတ်တစ်စင်းမှာ ဆိပ်ကမ်း၌သူတို့အားစောင့်ဆိုင်းနေနှင့်ပြီဖြစ်သည်။

ရွှမ်းကျီးတစ်ယောက်အခြေအနေသိပ်မကောင်းသေးသလိုခံစားနေရသောကြောင့် ဝမ်ဇယ်က တစ်လမ်းလုံးသူ့ကိုမျက်ခြေမပြတ်စောင့်ကြည့်နေခဲ့လေသည်။

“ဒါရိုက်တာရွှမ်း ခင်ဗျားလှေမူးတတ်လား? ခင်ဗျားတို့လို မိုးကြိုး-မီးအမျိုးအစားတွေက ကမ်းစပ်နားရောက်လာရင် အခြေအနေသိပ်မဟန်ဘူးနဲ့တူတယ်။ တကယ်လို့ ခင်ဗျားနေသိပ်မကောင်းရင်လည်း ကမ်းစပ်မှာပဲစောင့်ကျန်နေခဲ့လေ။ ရေအောက်ကိုမဆင်းနဲ့တော့”

ရွှမ်းကျီးမှာ အားမပါစွာဖြင့်မျက်လုံးပင့်ကြည့်ကာပြောလိုက်သည်။

“ဘယ်လိုဖြစ်ပြီး လူတန်းစားခွဲခြားနေရတာလဲဗျာ?”

“ကျွန်တော်တို့ဌာနမှာ ထူးခြားစွမ်းအင်ပိုင်ရှင်တွေအတွက် အထူးတလည်ရည်ရွယ်ပြီး ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးရေးတွေလုပ်ပေးတာမျိုးရှိတယ်။ အတွင်းဒဏ်ရာတို့၊ နာတာရှည်ရောဂါတို့၊ ကျိန်စာသင့်တာတို့တွေအတွက်ပေါ့…ပျောက်ကင်းအောင်ကုသလို့ရနိုင်၊ မရနိုင်တာကိုအသာထား၊ ဘာပဲဖြစ်ဖြစ် တစ်ခုခုကိုတော့အဖြေထွက်အောင်စစ်ဆေးပေးနိုင်တယ်လေ”

ဝမ်ဇယ်က အလွန်အင်မတန်စိုးရိမ်နေဟန်ဖြင့်ပြောလာသည်။

“ခင်ဗျားသွားကိုသွားစစ်ကြည့်သင့်တယ်__အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့မပေါက်ရစေနဲ့….”

“ကျွန်တော့်ကိုနေကောင်းသွားဖို့သာဆုတောင်းပေးပါဗျာ။ တကယ်လို့ တစ်နေ့ ကျွန်တော့်ရုပ်အလောင်းနဲ့နှုတ်ဆက်ရမယ့်အချိန်ရောက်လာရင် ခင်ဗျားဆီကို ကြိုတင်ဖိတ်စာရေးပြီးအကြောင်းကြားလိုက်ပါ့မယ် ဟုတ်ပြီလား? ကျွန်တော်က သွေးတွင်းသကြားဓာတ်လျော့နည်းသွားရုံပါဗျ__ဒီရက်ပိုင်းမှာ  ဝရုန်းသုန်းကားတွေဖြစ်ခဲ့တာလေ၊ လောင်ရှောင်းကိုယ်စား ရုံးခန်းကိုလည်းမျက်စိဒေါက်ထောက်စောင့်ကြည့်ပေးနေရသေးတယ်၊ ကျွန်တော် နောက်ဆုံးထမင်းဝအောင်စားခဲ့ရတဲ့နေရာက သုံးချွမ်းမှာပဲ….”

သောကမီးလျှံWhere stories live. Discover now