နိဒါန်း

21.8K 980 38
                                    

ချိယွမ်း
သက်ရှိမှန်သမျှ ရှေ့ဆက်မတိုးသင့်၊
ကျူးကျော်ဝင်ရောက်လာသူမည်သူမဆို အရိုးများ​ကြေမွပျက်စီးကာ ပြာမှုန့်အဖြစ်
ပြန့်ကြဲလွင့်ပါးသွားရမည်

************
ချိယွမ်း
ချီကျန်း ၂၁နှစ်မြောက်
*ဆီးနှင်းကျချိန်

*၁၈ ကြိမ်မြောက်နေစက်ဝန်း၊ နောက်ဆုံးသောနေစက်ဝန်းဖြစ်ပြီး ထိုအချိန်အခါသည် ယခင်ကထက်ပိုမိုအေးစက်ကာ ဆီးနှင်းများစတင်ကျဆင်းလာလေ့ရှိသည်။

မြင်းစစ်သည်တော်တစ်စုက လူသွားလမ်းမကြီးတစ်လျှောက် မြင်းများကိုဒုန်းစိုင်းစီးနင်းလာကြသည်။ လူများရောမြင်းများပါအလွန်တရာ ခြေကုန်လက်ပန်းကျနေပြီဖြစ်သည်။ ရုတ်တရက် ရှေ့ဆုံးမှဦးဆောင်လမ်းရှင်းကာ စီးနင်းနေသူ လူငယ်မြင်းစီးသမားလေးတစ်ဦးက အော်ဟစ်ပြောလိုက်သည်။

"နယ်နိမိတ်အမှတ်အသားကိုရောက်ပြီ !"

မနီးမဝေးလမ်းဘေးတစ်နေရာတွင် ကျောက်တိုင်တစ်ခု စိုက်ထူထားသည်။ ထိုကျောက်တိုင်မှာ သုံးမီတာကျော်ခန့်အမြင့်ရှိပြီး ကျောက်တိုင်ထက်တွင် ခြိမ်းခြောက်ဝင့်ကြွားထားဟန်အပြည့်ရှိသည့် နိမိတ်မကောင်းသော သွေးလက်ရေးဆက်စကားလုံးများကို ရေးသားထား၏။

ချိယွမ်း
သက်ရှိမှန်သမျှ ရှေ့ဆက်မတိုးသင့်၊
ကျူးကျော်ဝင်ရောက်လာသူမည်သူမဆို အရိုးများ​ကြေမွပျက်စီးကာ ပြာမှုန့်အဖြစ်
ပြန့်ကြဲလွင့်ပါးသွားရမည်

အဆိုပါကျောက်တိုင်ရှေ့တွင် သက်လတ်ပိုင်းစစ်သူကြီးတစ်ဦးနှင့်အတူ ဆူးချွန်အပြည့်ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားကြသော အစောင့်တပ်သားတစ်စုက သူတို့ကိုနှုတ်ဆက်သမှုပြုလိုက်ကြသည်။ အစောင့်တပ်သားအားလုံးက တညီတညာတည်းစီတန်းနေလျက်ရှိကြပြီး ယခုလေးတင်ရောက်ရှိလို့လာသော လူငယ်လေးကိုအရိုအသေပြုနှုတ်ဆက်လိုက်သည်။

"အိမ်ရှေ့စံမင်းသား"

"ရှူး....."

မြင်းစီးသမားလေးက မြင်းပေါ်မှခုန်ဆင်းလာ၏။ သူက အလျင်စလိုခုန်ချလိုက်သောကြောင့် အနည်းငယ်ဒယိမ်းဒယိုင်ဖြစ်သွားရပြီး စစ်သူကြီးက အလျင်အမြန်လာရောက်ထိန်းကိုင်ပေးလိုက်ရသည်။

သောကမီးလျှံWhere stories live. Discover now