(၂၀)

1.4K 310 16
                                    

အကြီးအကဲဟွမ်က တံခါးကိုတွန်းဖွင့်ခါနီးဆဲဆဲမှာပင် သူ့နောက်မှ ခြေလှမ်းဝက်မျှနောက်ကျနေခဲ့သော ရှောင်းကျန်းက ကမန်းကတန်းနောက်မှလိုက်လာကာပြောလိုက်သည်။

“ကျွန်တော် လုပ်လိုက်ပါ့မယ်”

ရှောင်းကျန်း၏လက်ချောင်းပေါ်တွင် ရိုးရှင်းပြီးလုံးပတ်ထူသော လက်စွပ်တစ်ကွင်းကိုဝတ်ဆင်ထားသည်။ လက်စွပ်၏အတွင်းပိုင်းတွင် မန္တန်အစီအရင်များကိုပတ်ပတ်လည်ရေးထွင်းထားသည်။ လက်စွပ်က တံခါးနှင့်ထိသွားချိန်၌ အဆိုပါမန္တန်စာသားများပေါ်မှ စူးရှသောအဖြူရောင်အလင်းတန်းများကထိုးထွက်လာကာ တံခါးဘောင်က ကျွီခနဲအသံမြည်သွားသည်။ ရှောင်းကျန်းက ခပ်တည်တည်နှင့်ပင် ရှေ့မှဦးဆောင်ဝင်သွားလိုက်ပြီး အကြီးအကဲဟွမ်အတွက် တံခါးကိုဆွဲဖွင့်ပေးထားလိုက်ရင်း ခပ်တိုးတိုးပြောလိုက်သည်။

“ဒီနေရာမှာရှိတဲ့ ဘာပစ္စည်းကိုမှ လျှောက်မထိပါနဲ့။ ‘ဖုန်လိုင်ညီလာခံ’ အတွင်းမှာ ဘာတစ်ခုမှစိတ်မချရဘူး”

အကြီးအကဲဟွမ်၏မျက်နှာအမူအရာက အနည်းငယ်ပို၍လေးနက်တည်တံ့သွားစေကာမူ အထိတ်တလန့်ဖြစ်သွားတာမျိုးတော့မရှိ။ သူက ရှောင်းကျန်း၏ပုခုံးကိုပုတ်လိုက်ကာ အေးအေးလူလူပင် အထဲသို့လျှောက်လှမ်းသွားလေသည်__ဤနေရာသည်ကား အထပ်သုံးထပ်ရှိသော ခေတ်ဟောင်းဟိုတယ်တစ်ခုဖြစ်ပြီး အဆောက်အဦးတစ်ခုလုံးကိုငှားရမ်းထားသည်။ ဝင်ပေါက်တွင် ‘ဖုန်လိုင်ယဉ်ကျေးမှုနှင့်အနုပညာညီလာခံ’ ဟုရေးသားထားသော ဆိုင်းဘုတ်တစ်ခုကို ယာယီချိတ်ဆွဲထားသည်။

အကြီးအကဲဟွမ်က ရှောင်းကျန်းနှင့်အတူ ကွင်းဆင်းဝန်ထမ်းအချို့ကိုခေါ်ဆောင်ကာ အထဲသို့ဝင်လာသည်။ သူတို့နောက်တွင်ရှိသော ဂိတ်တံခါးများမှာ အလိုအလျောက်ပင် ‘ဂျိန်းခနဲ’ ပြန်ပိတ်သွားကြသည်။ ဂိတ်တံခါးများပိတ်သွားသည်နှင့်တပြိုင်နက် သူတို့၏ဦးခေါင်းများမှာ‌ ရေအောက်ထဲသို့နစ်မြုပ်သွားသည့်အလား၊ ညီလာခံအဆောက်အဦးအပြင်ဘက်ရှိ အသံဗလံများက ချက်ချင်းဆိုသလိုပင် တိခနဲတိတ်ဆိတ်ငြိမ်ကျသွားကြလေသည်။

သောကမီးလျှံWhere stories live. Discover now