(၅-၁)

1.8K 404 5
                                    

Unicode

'အတင်းအကြပ်အနှိုးခံရခြင်း'၊ 'မြေအောက်ခေါင်းတလားအတွင်းမှထွက်ပေါ်လာခြင်း'၊ 'ရှေးခေတ်သုံးဘာသာစကားများကို ဌာန်၊ကရိုဏ်းကျကျပြောဆိုတတ်ခြင်း' အစရှိသောအဖြစ်အပျက်တို့သည်ကား နှစ်ထောင်ချီသက်တမ်းရှိသောအလောင်းကောင်များ အသက်ဝင်လာသည့်ပုံပြင်များနှင့်ဆင်တူသယောင်ရှိပေ၏။ သို့သော် 'အလောင်းကောင်နိုးထလာခြင်း' ဟူသည်မှာ ထင်သလောက်ကြောက်စရာမကောင်းလှပါချေ။ သေဆုံးသွားသောလူတစ်ယောက်မှာ မီးစာကုန်ခမ်းသွားပြီဖြစ်သောမီးအိမ်တစ်လုံးနှင့်အလားသဏ္ဌာန်တူသောကြောင့် 'ပြုပြင်မွမ်းမံထားသောအလောင်းကောင်များ' နှင့် 'လမ်းထလျှောက်လာသောအလောင်းကောင်' များ၏ သဘောတရားနိယာမတို့သည်ကား ကြိုးဆွဲရုပ်သေးရုပ်များနှင့် သဘောတရားချင်းအတူတူပင်ဖြစ်သည်။အလောင်းကောင်၏လှုပ်ရှားမှုများမှာ ပြင်ပမှတစ်စုံတစ်ရာ၏ထိန်းချုပ်မှုအောက်တွင်ရှိနေပြီး သူတို့၏အာရုံကြောစနစ်မှာလုံးဝဥဿုံပျက်စီးသွားပြီဖြစ်သောကြောင့် ၎င်းတို့တွင် အတွေးစိတ်ကူးအသိဉာဏ်ဟူ၍ရှိမနေတော့ပါချေ။ အလောင်းကိုမပုပ်မသိုးအောင်ဆေးစီရင်သည့်အချိန်၌ အမှားအယွင်းတစ်စုံတစ်ရာဖြစ်ပေါ်သွားခဲ့လျှင်တော့ဖြင့် အလောင်းကောင်မှာလမ်းလျှောက်သည့်အခါတိုင်း ၎င်း၏အဆုတ်၊ အသည်း၊ နှလုံးသားနှင့်လက်များမှာ အောက်သို့ညွှတ်ကျနေမည်သာဖြစ်၏။ ကြောက်စရာကောင်းသည်ဆိုသောအချက်မှလွဲ၍ သူတို့၏တိုက်ရည်ခိုက်ရည်မှာ လျစ်လျူရှုထား၍ရနိုင်သောအခြေအနေတွင်သာရှိလို့နေသည်။

တကယ့််တကယ်တမ်းကြောက်စရာအကောင်းဆုံးအရာက အခေါင်းထဲတွင်လဲလျောင်းနေသည့်အရာမှာ အလောင်းကောင်မဟုတ်ခြင်းပင်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ပုံမှန်မြေမြှုပ်ခြင်းလုပ်ထုံးလုပ်နည်းများ၌ ရှေးလူကြီးများသည်ကား ခေါင်းတလားများကို မကောင်းသောအရာများအားချိပ်ပိတ်ရန်အတွက် ပစ္စည်းကိရိယာတစ်မျိုးအနေဖြင့်အသုံးပြုကြခြင်းကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ အနှီ 'ဗလုံးဗထွေးစကားသံ' များမှာ ပြောရလျှင်ဖြင့် မန္တန် သို့မဟုတ် တရားစာတစ်မျိုးမျိုးဖြစ်နေနိုင်သည်။

သောကမီးလျှံWhere stories live. Discover now