(၂၄)

1.2K 309 43
                                    

ရှန့်လင်ယွမ်း၏အကြည့်များက သူ့အပေါ်ဖြတ်ပြေးသွားပြီးနောက် အချိန်အတန်ကြာသောအခါမှသာလျှင် သူက စိတ်ပျက်အားလျော့သောလေသံမျိုးဖြင့်တုံ့ပြန်ဖြေကြားလိုက်သည်။

“မဟုတ်ဘူး”

သူတို့နှစ်ဦးစလုံးသည်ကား ယခုအချိန်၌ တောင်ကုန်းငယ်လေးတစ်ခုပေါ်တွင်ရောက်ရှိနေကြတာဖြစ်သည်။ စက္ခုပသာဒနှင့်ပြည့်စုံလှသော သစ်ပင်ပန်းမန်များနှင့် မြက်ပင်ရှည်များမှာ တောင်ခြေရင်းမှသည် တောင်အလယ်ပိုင်းထိတိုင်အောင်ဖြန့်ကျက်နေရာယူထားလျက်ရှိနေကြပြီး တောအုပ်အတွင်း၌ အတန်းလိုက်စီစီရီရီတည်ဆောက်ထားသော လူနေအိမ်ငယ်လေးများကြားတွင် ကွေ့ကောက်သောတောင်ပတ်လမ်းလေးများကို မြွေလိမ်မြွေကောက်သဏ္ဌာန်ကွေ့ဝိုက်ဖောက်လုပ်ထားကြသည်။ လူနေအိမ်လေးများမှာ ပုံသဏ္ဌာန်အားဖြင့် လုံးဝန်းသော ခပ်နိမ့်နိမ့်အိမ်ငယ်လေးများဖြစ်ကြပြီး အဝေးတစ်နေရာမှလှမ်းမျှော်ကြည့်လိုက်ပါမူ တောအုပ်အတွင်း၌ ပုန်းအောင်းနေကြသော မှိုပွင့်အစုလိုက်လေးများနှင့်ပင်သဏ္ဌာန်တူလှပေသည်။ ယနေ့ညချမ်းချိန်ခါသမယတွင် လှိုင်းတွန့်များသဖွယ် တွန့်လိမ်ကွေ့ကောက်စွာဖြင့် တဖျတ်ဖျတ်လင်းလက်နေသည့်ကြယ်မှုန်ကြယ်မွှားများကို နောက်ခံပြုထားသောကောင်းကင်ယံထက်ဝယ် သော်တာလဝန်းကြီးမှာ အသစ်တဖန်ထွန်းလင်းတောက်ပလျက်ရှိလို့နေသည်။ တစ်စုံတစ်ယောက်သည်ကား ထိုကဲ့သို့ကြယ်စင်တန်းများအတွင်းရောက်ရှိနေချိန်၌ သူတို့၏စိတ်အလျဉ်မှာလည်း ကောင်းကင်ပြင်ကြီးအလား ကျယ်ပြန့်ကာ အေးချမ်းငြိမ်သက်သွားမည်သာဖြစ်သည်။

ရွှမ်းကျီးမှာ သူခုနတုန်းကပြောလိုက်သောစကားများကို ရှန့်လင်ယွမ်းတစ်ယောက် နားလည်သလားမလည်သလားဆိုတာကို မသိပါချေ။ သူက နောက်တစ်ကြိမ် အခြားစကားလုံးများဖြင့်ပြောင်းလဲမေးမြန်းရန်ပြင်လိုက်စဉ်မှာပင် ရှန့်လင်ယွမ်းထံမှ ဖြည်းဖြည်းချင်းထွက်လာသောစကားသံကိုကြားလိုက်ရသည်။

“ဒီနေရာက….ဒီနေရာက ‘ပုံရိပ်ယောင်တိုင်းပြည်’ မဟုတ်ဘူး”

သောကမီးလျှံWhere stories live. Discover now