(၄၂-၁)

1.3K 275 46
                                    

"ကျွန်တော်တို့ သုံးချွမ်းသစ်တောဥယျာဉ်ထဲမှာ မိစ္ဆာကိုဖမ်းနေတဲ့အချိန်တုန်းက ကျန်းကျောင်းဆီကိုဝင်လာတဲ့ ထူးဆန်းတဲ့ဖုန်းက ဌာနချုပ်က အထွေထွေထိန်းချုပ်ခန်းဆီကလာတဲ့ နံပါတ်ပဲ"

ထိုနေ့ နေ့လယ်ပိုင်း၌ ပိရှအား ပြုစုခစားပြီးနောက်တွင်မူ *ရှောင်ရွှမ်းကျီလေးသည်ကား မိုးကြိုးပစ်ခံလိုက်ရသော ရှောင်းကျန်းအား လူနာသတင်းမေးရန်အလို့ငှာ ဆေးရုံသို့ ဝမ်ဇယ်နှင့်အတူသွားရောက်ခဲ့သည်။ လမ်းခုလတ်တွင် ဝမ်ဇယ်က ပြောလာသည်။

T/N

*မင်းဧကရာဇ်ကို အလုပ်အကျွေးပြုခစားရသော နန်းတွင်းမိန်းမစိုးများ၏အမည်နာမအသုံးအနှုန်းမျိုးဖြစ်သည်။

"ပြဿနာက အဲဒီအချိန်တုန်းက ဗဟိုစေလွှတ်ရေးရုံးခန်းမှာ ဘယ်သူမှရှိမနေခဲ့ဘူး၊ စေလွှတ်ရေးဌာနရဲ့အကြီးအကဲခေါင်းဆောင်ဖြစ်တဲ့ ရှောင်းပါပါးကလည်း အခင်းဖြစ်ရာနေရာမှာပဲရှိနေသေးတာ__ဒါနဲ့ စကားမစပ် ဒါရိုက်တာရှောင်း ခင်ဗျား ဟိုတယ်ပြန်သွားတုန်းက တရေးတမောမအိပ်ခဲ့ဘူးလား? ဘာဖြစ်လို့ ဒီလောက်တောင်သမ်းနေရတာလဲ?"

ရွှမ်းကျီး၏မျက်နှာတပြင်လုံးမှာ အတိစိတ်ဒုက္ခရောက်နေရှာသောပုံစံသို့ပြောင်းလဲသွားရှာသည်။

"ပြောမနေပါနဲ့တော့...ခေတ်သစ်လူမှုအသိုင်းအဝိုင်းက တကယ့်ကိုအကောင်းဆုံးပါပဲ။ တိုင်းပြည်သူ့ကျွန်ဘဝကလွတ်မြောက်ပြီးကတည်းက ကျွန်တော့်ဘဝမှာ ဒီလောက်အထိ ကြီးကြီးမားမားနှိပ်စက်ညှင်းပန်းမှုဒဏ်ကို တစ်ခါမှမခံစားခဲ့ရဖူးဘူး"

ဝမ်ဇယ်က ခေါင်းရှုပ်သွားသည်။

ရွှမ်းကျီးက များများစားစားမပြောလိုသည့်ဟန်ဖြင့် လက်ခါပြလိုက်ကာ မေးမြန်းလိုက်သည်။

"အထွေထွေထိန်းချုပ်ရေးရုံးခန်းမှာ အထူးစောင့်ကြည့်ထိန်းချုပ်ရေးစနစ်တွေရှိတယ်မဟုတ်ဘူးလား?"

DCO တွင်အသုံးပြုနေသော စောင့်ကြည့်ထိန်းချုပ်ရေးစနစ်များအကြောင်းကို သူကြားဖူးခဲ့သည်။ ထိုစနစ်များမှာ သာမန်စနစ်မျိုးမဟုတ်။ ၎င်းသည်ကား ထူးခြားစွမ်းအင်ရင်းမြစ်မျိုးစုံကိုဖမ်းယူနိုင်သည့်အပြင် တစ္ဆေသရဲအရိပ်များကိုတောင်မှ ဖမ်းယူနိုင်စွမ်းရှိလေသည်။

သောကမီးလျှံWhere stories live. Discover now