(၁၂-၂)

1.4K 362 27
                                    

"ထိခိုက်ဒဏ်ရာရတာတွေ လူအသေအပျောက်တွေရောရှိလား?"

"ချိယွမ်းရဲ့အခင်းဖြစ်တဲ့နေရာမှာရှိနေတဲ့ ကွင်းဆင်းဝန်ထမ်းခြောက်ယောက်ကတော့ ဒဏ်ရာအကြီးအကျယ်ရသွားတယ်။ ကျန်တဲ့သူတွေကတော့ နည်းနည်းပါးပါးလောက်ပဲထိခိုက်သွားတယ်။ အဆိုးထဲက အကောင်းကတော့ လူအသေအပျောက်မရှိတာပဲ"

"အဆောက်အဦးပြိုကျတုန်းက အဲဒီနားမှာ ကလေးတစ်ယောက်ရှိနေတယ်။ ငါ သူ့ကို တွန်းတော့တွန်းထုတ်လိုက်တာပဲ။ သူရော ဘာဖြစ်သွားသေးလဲ?"

"အင်း....မင်းက သူ့ကို အသက်စွန့်ပြီးကယ်တင်ပေးခဲ့တယ်လို့ထင်သွားပြီး တော်တော်လေးစိတ်ဆင်းရဲနေတာ။ စိတ်ငြိမ်ဆေးထိုးပေးလိုက်မှပဲငြိမ်သွားတော့တယ်။ အခု ဟိုဘက်ခန်းထဲမှာ လှဲနေတယ်"

"မကောင်းဘူး"

ရွှမ်းကျီးက စုတ်တစ်ချက်သပ်လိုက်သည်။

"သူနိုးလာတဲ့အခါကျရင် ငါ သူနဲ့ခပ်ဝေးဝေးမှာနေမှဖြစ်တော့မယ်။ တော်ကြာ ငါ့လို ချောမောခန့်ညားတဲ့ ယောကျာ်းလေးတစ်ယောက်ကိုတွေ့သွားပြီး သူ့ခန္ဓာကိုယ်နဲ့ကျေးဇူးပြန်ဆပ်ဖို့ကြိုးစားနေဦးမယ်"

ရှောင်းကျန်းက မရယ်မပြုံးဘဲ သူ့ကို ခံစားချက်ကင်းမဲ့နေသော မျက်နှာသေဖြင့်သာ စိုက်ကြည့်လိုက်၏။ ၎င်းမှာ သူ၏အချိန်အခါမသင့်သော ဟာသစကားများကိုပင် မျက်ဖြူဆိုက်မပြနိုင်တော့ချေ။ သူက အိတ်ကပ်ထဲမှ စီးကရက်တစ်လိပ်ကိုထုတ်ယူလိုက်ပြီး ဂဏာမငြိမ်စွာဖြင့် လက်ထဲတွင်ပွတ်သပ်နေလိုက်၏။ ထို့နောက်တွင်မှ ဆေးရုံထဲတွင် ဆေးလိပ်သောက်ခွင့်မပြုကြောင်းသတိပေးချက်ကိုသတိရသွားပြီးနောက် အတော်လေးကို နေမထိထိုင်မသာဖြစ်စွာနှင့်ပင် ဆေးလိပ်ကိုသူ့အိပ်ကပ်ထဲပြန်ထိုးထည့်လိုက်၏။

ရွှမ်းကျီးက အခြေအနေကိုတိတ်တဆိတ်အကဲခတ်လိုက်ပြီးချိန်မှာတော့ နောက်သလိုပြောင်သလိုလုပ်မနေတော့ပါချေ။ သူက လက်တစ်ဖက်ကိုမြှောက်လိုက်သောအခါ လက်ဖဝါးပေါ်၌အကြွေစေ့တစ်စေ့ပျံထွက်လာပြီးနောက် ဆေးရုံ၏တစ်ယောက်ခန်း အခန်းတံခါးဝတွင် 'ရပ်' ဟူသည့်စကားလုံးကိုရေးဆွဲလိုက်လေတော့သည်။ ထို့နောက် လက်ကိုဆန့်ကာ ကုတင်ဘေးရှိ ပြတင်းပေါက်ကိုတွန်းဖွင့်လိုက်ပြီးပြောလိုက်သည်။

သောကမီးလျှံWhere stories live. Discover now